-
AA
+
🡀
|
🡂
ဆာလံကျမ်း
၆၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၆၈


ဒါဝိဒ်၏ဆာလံ

ဘုရားသခင် ထတော်မူ၍ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော်။ ဘုရားသခင်ကို မုန်းသောသူတို့သည်အထံတော်က ပြေးကြပါစေသော်။ မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့ မတရားသောသူတို့သည် ဘုရားသခင် ရှေ့တော်မှာ ပျက်စီးကြစေသော။ ​ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်၍ ဘုရားသခင် ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာ ကြပါစေသော်။ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာ သီချင်းဆိုကြလော့။ တော၌ စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကိုပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။ ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏ အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဖေါ် မရှိသောသူတို့အား အိမ်ထောင် ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသောသူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား သွေ့​ခြောက်သော အရပ်၌ နေရကြ၏။



အိုဘုရားသခင် ကိုယ်တော်၏ လူစုရှေ့မှာကြွ၍ တော၌ ချီတော်မူသောအခါ၊ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုးကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့်၊ သိနာတောင်သည်လည်း တုန်လှုပ်၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာစေ၍ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။ ၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရပါ၏။ အိုဘုရားသခင် ဆင်းရဲသောသူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ ၁၁ ဘုရားရှင် အမိန့်တော်ရှိ၍ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။ ၁၂ စစ်အင်္ဂါ ဗိုလ်​ခြေသခင် ရှင်ဘုရင်တို့သည် အလျှင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။ ၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက် ငွေနှင့်မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း နီသောရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည် ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသော အရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုးပွင့်ကဲ့သို့ ဖြစ်လေ၏။

၁၅ ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင် မြင့်သောထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့ ၁၆ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလို ရှိတော်မူသောတောင် ထာဝရဘုရားသည် အစဉ်အမြဲ နေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ ၁၇ ဘုရားသခင်၏ရ ထားတော်တို့သည် အထောင် အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာ ဌာနတော်၌ ရှိသတည်း။ ၁၈ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ ထာဝရအရှင်ဘုရား သခင်သည် လူတို့တွင် ကျိန်းဝပ် တော်မူမည်အကြောင်း၊ [A] လူတို့အဘို့မက၊ ပုန်ကန်သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။ ၁၉ ထာဝရဘုရားသည် အစဉ် မင်္ဂလာ ရှိတော်မူစေသတည်း၊ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ ဘုရားသခင် ကယ်တင်တော်မူ၏။ ၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားအရှင် ထာဝရ ဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။ ၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း၊ ဧကန်အမှန် နှိပ်စက်တော်မူမည်။ ၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။ ၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့အသွေးကို နင်း၍ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မှု၏။

၂၄ အိုဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော် ကြွတော်မူခြင်း၊ အ​ကျွန်ုပ်၏ ဘုရားသခင် အ​ကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။ ၂၅ ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသောအပျိုတို့သည် လိုက်သွားကြပါ၏ ၂၆ ဣသရေလ အမျိုးသားတို့ ပရိသတ် အစည်းအဝေးတို့၌ ထာဝရ အရှင်ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။ ၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍ မိမိ အလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏။ ၂၈ အိုဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင် အ​ကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။ ၂၉ ယေရုရှလင်မြို့၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ ကြပါစေသော်။ ၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥ သဘအစုအဝေးနှင့် လူမျိုးတို့၏ နွားတို့ကို၎င်း၊ ဆုံးမတော်မူသဖြင့် အသီးအသီးတို့သည် ငွေစနှင့်ကိုယ်ကို နှိမ့်ချကြပါစေသော်။ စစ်မူကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။ ၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော်၊ ကုရှပြည်သည် မိမိလက်တို့ကို ဘုရား သခင် ထံတော်သို့ အလျှင်အမြန် ဆန့်ရပါစေသော်။ ၃၂ မြေကြီးနိုင်ငံတို့ ဘုရားသခင် ရှေ့တော်၌ သီချင်းဆိုကြလော့။ ၃၃ အစအဦး၌ အထက် ကောင်းကင် ဘဝဂ်ကိုစီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍ အားကြီးသောအသံဖြစ်၏၊ ၃၄ ဘုရားသခင်သည် တန်ခိုးကြီး တော်မူသည်၊ ဟုဝန်ခံကြလော့။ ဣသရေလ အမျိုးကို ဘုန်းတော် လွှမ်းမိုးလျက် တန်ခိုးတော်လည်း မိုးတိမ်တို့တွင် ထင်ရှားလျက်ရှိသတည်း။ ၃၅ အိုဘုရားသခင် ကိုယ်တော်သည် သန့်ရှင်းရာဌာန တော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို ပေးတော်မူသော ဘုရားပေတည်း။ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.