-
AA
+
🡀
|
🡂
ဆာလံကျမ်း
၆၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၆၂


ဒါဝိဒ်၏ဆာလံ၊ ဘုရားကိုခိုလှုံ
CROSS REFERENCES






အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာ ဖြစ်တော်မူ၍၊ ငါ၌ လှုပ်ရှားခြင်း များစွာမရှိရာ။ သင်တို့သည် အဘယ်မျှ ကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကိုတိမ်းသော အုတ်ရိုး၊ လှုပ်သော ထရံကဲ့သို့မှတ်၍ သင်တို့အပေါင်းသည် အဘယ်မျှ ကာလပတ်လုံး ဖြိုဖျက်ကြမည်နည်း။ ထိုသူကိုမြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက်နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား ကောင်းကြီးကို ပေးလျက် နှလုံး၌ကား ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊ [A] အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာ ဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ။ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကိုအား ပေးသောကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း။ အိုလူများတို့ဘုရား သခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။


အနတ္တထက်ပေါ့ကြ
CROSS REFERENCES





CROSS REFERENCES






အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ [B]အသရေ ရှိသောသူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူ အပေါင်းတို့သည် အနတ္တထက်သာ၍ ပေ့ါကြ၏။ ၁၀ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူရာ၌ မှားသောမျှော်လင့်ခြင်း မထားကြနှင့်။ ဥစ္စာများပြားလျှင် ထိုအရာ၌ စိတ်စွဲလမ်းခြင်း မရှိကြနှင့်။ (a) ၁၁ ဘုရားသခင်သည် တစ်ကြိမ် မိန့်တော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော အမိန့်တော်ဟူ မူကား၊ [C](b) တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။ ၁၂ အိုထာဝရဘုရား ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးသီးတို့အား သူတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။

_________________________
Footnotes


(a) ၁၀ မြန်မာကျမ်းစာအုပ်၌ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။(b) ၁၁ דִּבֶּ֥ר အသံထွက် dib·ber အင်္ဂလိပ်အဓိပ္ပါယ် Has spoken မြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်ပေး" ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.