၁၈ အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမြော်လင့်ရပါ။
၆ အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညလုံးမျှော၍ အိပ်ရာကိုလည်း မွန်းစေပါ၏။
၉ သင်္ချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုး ရှိပါအံ့နည်း။
၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊သစ္စာတော်ကို ပျက်စီးရာအရပ်၌၎င်း၊ ကြားပြောရကြပါမည်လော။
၁၀ ဆောင်ရွက်စရာ အမှုရှိသမျှကို ကြိုးစား အားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။