-
AA
+
🡀
|
🡂
ဆာလံကျမ်း
၅၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၅၅


ဒါဝိဒ်စပ်ဆိုသော ဆာလံ ချိုးငှက်ကဲ့သို့ပျံချင်

အိုဘုရားသခင်၊ အ​ကျွန်ုပ် ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောအခါ ရှောင်၍ နေတော်မမူပါနှင့်။ ကြည့်ရှု နားထောင်တော်မူပါ။ ရန်သူ၏ စကားသံကြောင့်၎င်း၊ မတရားသော ညှဉ်းဆဲခြင်းကြောင့်၎င်း၊ အ​ကျွန်ုပ်သည် ညိုးငယ်သော စိတ်နှင့် ညည်းတွား မြည်တမ်းလျက် နေရပါ၏။ သူတို့သည် အ​ကျွန်ုပ်အပေါ်၌ အပြစ်ကို သက်ရောက်စေ၍ ဒေါသစိတ်နှင့် မုန်းကြပါ၏။ အ​ကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။ ကြောက်ရွံ့ တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။ ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော်။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍ ငြိမ်ဝပ်လျက် နေလိမ့်မည်။ ဝေးစွာသွား၍ တောမှာ နေရာကျ လိမ့်မည်။ ပြင်းစွာသော မိုးသက် မုန်တိုင်းနှင့် လွတ်ခြင်းငှါ အလျှင်အမြန် ပြေးလိမ့်မည်၊ ဟုအ​ကျွန်ုပ်စိတ်ရှိပါ၏။


သူ့ကိုကဲ့ရဲ့သော သူသူ့မိတ်ဆွေ

အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အ​ကျွန်ုပ် မြင်ပါပြီ။ ၁၀ မြို့ရိုးပေါ်မှာ နေ့ညမပြတ် သူတို့သည် လည်ကြပါ၏။ မြို့ထဲမှာ ဆိုးညစ်သော အမှုနှင့် နှောင့်ယှက်ခြင်း အမှုရှိကြပါ၏။ ၁၁ အဓမ္မတရားတို့သည် မြို့အလယ်၌ ရှိ၍ ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏။ ၁၂ ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။ ငါ့ကို ရန်ဘက် ပြုသောသူသည် ငါ့ကိုမုန်းသောသူ မဟုတ်။ ဟုတ်လျှင် ထိုလူကို ငါရှောင်နိုင်သည်။ ၁၃ ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့်ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအ​ကျွမ်းဖြစ်၏။ ၁၄ အချင်းချင်း သာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေးနှင့်အတူ သွားကြပြီ။ ၁၅ သူတို့ကို သေမင်း ဖမ်းဆီးပါစေ။ အသက်ရှင်လျက် မရဏာနိုင်ငံသို့ ဆင်းသက်ကြပါစေ။ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ ရှိကြ၏။


ထောပတ်ထက် ချောသောစကား

၁၆ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ ၁၇ ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်။ ၁၈ ငါ့ကိုစစ်တိုက်ကြစဉ်တွင် ငါ့အသက်ကို ရွေးနှုတ်၍ ချမ်းသာပေးတော်မူမည်။ ၁၉ ငါ့ဘက်၌ နေသောသူ အများရှိကြ၏၊ ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်း မရှိသောကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ။ ၂၀ ထိုသို့သောသူသည် မိတ်ဆွေဖြစ်သော သူကိုပြစ်မှား၍ သစ္စာပျက်တတ်၏။ ၂၁ သူ၏စကားသည် ထောပတ်ထက် ချောသော်လည်း စစ်တိုက်မည်၊ ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပျော့သော်လည်း ထုတ်သော ထားဖြစ်၏။


ထမ်ရွက်သော ဝန်ချထားလော့
CROSS REFERENCES






၂၂ ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့။ [A] သင့်ကို မစတော်မူမည်။ ​ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။ ၂၃ အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာ တွင်းထဲသို့ ချတော်မူမည်။ လူ့အသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တဝက်ခန့်မျှ မရှင်ရကြ။ အ​ကျွန်ုပ်မူကား ကိုယ်တော်၌ ခိုလှုံပါမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.