-
AA
+
🡀
|
🡂
ဆာလံကျမ်း
၅၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၅၀


ထာ၀ရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏
CROSS REFERENCES






တန်ခိုးကြီးသော ဘုရားသခင် တည်းဟူသော ထာဝရဘုရားသည် စကားပြောတော်မူ၏။ [A] (a) နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏။ အသရေ တင့်တယ်ခြင်း ပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ ရောင်ခြည်တော်သည် ထွန်းပ၏။ ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ၊ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌၊ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။ မိမိလူတို့ကို စစ်ကြော စီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို၎င်း၊ မြေကြီးကို၎င်း၊ ခေါ်တော်မူလျက် ယဇ်ပူဇော်သောအားဖြင့် ငါ့နှင့် ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသော သူတို့ကို ငါ့ထံသို့ စုဝေးစေကြ၊ ဟုမိန့်တော်မူ၏။ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည် ဖြစ်၍၊ ​ဖြောင့်မတ်တော်မူခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြလိမ့်မည်။


သင့်တိရစ္ဆာန်များကိုမလို၊ ငါ့မှာအားလုံးရှိ
CROSS REFERENCES






ငါ၏လူများတို့ နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလ အမျိုးသင့် တဘက်၌ ငါသက်သေခံမည်။ ငါသည် ဘုရားသခင် ဖြစ်၏။ သင်၏ ဘုရားသခင်ဖြစ်၏။ မီးရှို့သော ယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။ [B] သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း၊ ငါမခံမယူ။ ၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ ၁၁ တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်းတို့ကို ငါသိ၏။ ၁၂ တောသားရဲတို့သည် ငါ၌ ရှိကြ၏။ ငါသည် ငတ်မွတ်လျှင် သင့်ကိုမပြော။ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။ ၁၃ နွားသားကို ငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။ ၁၄ ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင် အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့။ ၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ [C] သင်သည်လည်း ငါ့ကို ချီးမွမ်းလိမ့်မည်၊ ဟုမိန့်တော်မူသည်။


သင်၏အပြစ်ကို ငါဖေါ်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်

၁၆ မတရားသောသူကိုကား၊ သင်သည်ငါ၏ အထုံးအဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း။ ၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကားကို သင်နောက်၌ ပစ်ထားပါသည်တကား။ ၁၈ သင်သည် သူခိုးကိုမြင်လျှင် သူနှင့် သဘောတူတတ်၏။ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏။ ၁၉ သင်၏နှုတ်ကို ဒုစရိုက်၌ အပ်နှံ၍ သင်၏လျှာဖြင့် မုသာကို စီရင်တတ်၏။ ၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။ ၂၁ ထိုသို့ကျင့်၍ ငါသည် တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်၊ ဟုထင်လေပြီတကား။ သင်၏အပြစ်ကို ငါဖေါ်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်။ ၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှုဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။


ကျေးဇူတော်ချီးမွမ်းသူ ဘုရားဘုန်းထင်ရှားစေ

၂၃ ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်၊ ဟုဘုရားသခင် မိန့်တော်မူ၏။

_________________________
Footnotes


(a)

v ၁ דִּבֶּ֥ר dib·ber Has spoken မြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်ပေး" ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.