-
AA
+
🡀
|
🡂
ဆာလံကျမ်း
၄၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၄၉


ကြားကြလော့ နားထောင်ကြလော့

လူများအပေါင်းတို့ ကြားကြလော့။ ခပ်သိမ်းသော လောကသား အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့။ င့ါနှုတ်သည် ပညာကို မြွက်ဆိုမည်။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သော အရာကို ဆင်ခြင်မည်။ ပုံစကားသို့ ကိုယ်နားကို လှည့်လျက် နက်နဲသောအရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။


လူ၏အသက် ဝိညာဉ်မရွေးနိုင်

ခဲယဉ်းဆိုးယုတ်သော ကာလ၌၊ ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကိုဝိုင်းသော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကို ဘုရားသခင်၌ မပေးနိုင်။ သူတို့အသက် ဝိညာဉ်၏ရွေးရန် အဘိုးကြီး လှပေ၏။ သို့ဖြစ်၍ အစဉ် ရှုံးလျက်နေရမည်။ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ။


လူသည်ဂုဏ်အသရေ၌ မတည်

၁၀ ထင်ရှားသော အရာဟူမူကား၊ ပညာရှိသောသူ တို့သည် သေတတ်ကြ၏။ ထိုအတူ မိုက်သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။ ၁၁ မိမိတို့အိမ်သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိတို့နေရာလည်း လူမျိုး အစဉ်အဆက် တည်လိမ့်မည်။ မိမိတို့နာမသည် မြေပေါ်မှာ ကျောစောလိမ့်မည်၊ ဟုသူတို့ စိတ်ထင်ရှိကြ၏။ ၁၂ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။ ၁၃ ထိုသို့ပြုမူ ခြင်းအရာသည် သူတို့၏ ကိုးစားရာဖြစ်၍ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။ ၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမြင့်မှီ​ ဖြောင့်မတ် သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်၏။ ၁၅ ငါမူကား ဘုရားသခင် သိမ်းယူတော် မူသောကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။


လူသည် ဂုဏ်အသရေကို ပါမသွားနိုင်
CROSS REFERENCES






၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေ တိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်။ [A] ၁၇ ထိုသူသည် သေသောအခါ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အရေသည် သူနောက်သို့ မဆင်းသက်ရ။ ၁၈ ထိုသူသည် အသက်ရှင်စဉ်အခါ မိမိဝိညာဉ်ကို ကောင်းကြီးပေးတတ်၏။ မိမိအကျိုးကို ပြုစုသောအခါ သူတပါးတို့သည် ချီးမွမ်းတတ်ကြ၏။ ၁၉ သို့သော်လည်း သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသွားရလိမ့်မည်။ ကာလအစဉ် အဆက်သူတို့သည် အလင်းကို မမြင်ရကြ။ ၂၀ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.