၃၅ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ကိုယ်တော်မှတပါး၊ အခြားသော ဘုရားမရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အား ပြတော်မူပြီ။
၁၀ ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်၊ ဟုသိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
၃ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။
၃၉ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏၊ ဟုဝန်ခံကြ၏။