-
AA
+
🡀
|
🡂
ဆာလံကျမ်း
၄၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၄၅


ကောရသားများ၏ မင်္ဂလာဆောင်သီချင်း
CROSS REFERENCES






ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထလျက်ရှိ၍ ငါစီရင်သော အရာကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆိုပေအံ့။ ငါ့လျှာသည်လည်း လိမ္မာ​ ကျွမ်းကျင်သော စာရေး၏ ကညစ်ဖြစ်ရ၏။ ကိုယ်တော်သည် လူမျိုးထက် အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏၊ တန်ခိုးကြီးသော အရှင်၊ ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ ဓါးကို ပေါင်တော်၌ စည်းတော်မူပါ။ သမ္မာတရား (a) [A]နူးညံ့ခြင်းတရား၊ ​ဖြောင့်မတ်ခြင်း တရားကြောင့် အသရေ တော်ထင်ရှားလျက် အောင်မြင်၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက်မက်ဘွယ်သော အရာကို ကိုယ်တော်အား ပြပါလိမ့်မည်။ ရှင်ဘုရင်၏ ရန်သူတို့ နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ်၍ လူတို့သည်​ ခြေတော်အောက်၌ လဲကြပါ၏။ အိုဘုရားသခင် ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်း တရားကို နှစ်သက်၍ မတရားသော အမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဖေါ်တို့ထက်၊ ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့် ဘိသိတ် ပေးတော်မူပြီ။ [B] ဆင်စွယ်ဘုံ ဗိမာန်ထဲက ထုတ်သော အဝတ်တန်ဆာ တော်ရှိသမျှတို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက်တော် မူဘွယ်ဖြစ်ကြပါ၏။ အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍ လက်ျာတော်ဘက်မှ ဩဖိရ ရွှေတန်ဆာ ဆင်သော မြောက်သားတော်နေရာ ဖြစ်ပါ၏၊


သတို့သမီးထံအကြံပေး

၁၀ ငါ့သမီး နားထောင်လော့။ ဆင်ခြင်၍ နာယူလော့။ ကိုယ့်အမျိုးသားချင်းနှင့် ကိုယ့်အဘ၏ အိမ်ကိုမေ့လျော့လော့။ ၁၁ သို့ပြုလျှင် သင်လှသော အဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အ ရှင်ဖြစ်သောကြောင့် သူ့ကို ကိုးကွယ်လော့။ ၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း လက်ဆောင် ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။ ၁၃ ရှင်ဘုရင်၏ သမီးတော်သည် အတွင်း၌ ဂုဏ်အသရေ သက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ်တန်ဆာကို ဆင်၏။ ၁၄ စျာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သော အပေါင်းအဖေါ် အပျိုတော်များကိုလည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။ ၁၅ ဝမ်းမြောက် ရွှင်လန်းသော အခြင်းအရာနှင့် ဆောင်ခဲ့၍၊ ရှင်ဘုရင်၏ နန်းတော်သို့ ဝင်ရကြလိမ့်မည်။ ၁၆ ကိုယ်တော်၏ အဘများ ကိုယ်စားသားများကိုရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ၌ ခန့်ထားတော်မူလိမ့်မည်။ ၁၇ အ​ကျွန်ုပ်သည် ကိုယ်တော်၏ နာမကို လူမျိုးအစဉ်အဆက် အောက်မေ့ကျော် စောစေသဖြင့်၊ လူမျိုးတို့သည် ကမ္ဘာအဆက် ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့သတည်း။

_________________________
Footnotes


(a) သစ္စာတရား


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.