-
AA
+
🡀
|
🡂
ဆာလံကျမ်း
၄၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၄၄


ကိုယ်တော်သာလျှင် ကယ်တင်ရှင်

အိုဘုရားသခင်၊ ရှေးလွန်လေပြီးသော ကာလတွင် ဘိုးဘေးတို့ လက်ထက်၌ ပြုတော်မူသော အမှုကို သူတို့ပြော၍အ​ကျွန်ုပ်တို့ သည် ကိုယ်တိုင် ကြားရကြပါပြီ။ တပါးအမျိုးသားတို့ကို လက်တော်ဖြင့် နှင်ထုတ်၍အ​ကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏။ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွားစေတော်မူ၏။ သူတို့သည် ကိုယ်ဓါးဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော် အလိုရှိသောကြောင့် လက်ျာ လက်ရုံးတော်နှင့် မျက်နှာတော် အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ အိုဘုရားသခင် ကိုယ်တော်သည် အ​ကျွန်ုပ်၏ ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။ ကိုယ်တော်အားဖြင့် ကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေသော်၊ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော်။ ကိုယ်၌ ပါသော လေးကိုအ​ကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓါးသည် အ​ကျွန်ုပ်ကို မကယ်ရပါ။ ကိုယ်တော်သာလျှင် အ​ကျွန်ုပ်တို့ကို ရန်သူလက်မှ ကယ်လွှတ် တော်မူ၏။ အ​ကျွန်ုပ်တို့အား မုန်းသောသူများကိုလည်း အရှက်ကွဲ စေတော်မူ၏။ အ​ကျွန်ုပ်တို့သည် မခြားမလပ် ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။


အကျွန်ုပ်တို့ကိုရောင်း၍ မျက်နှာလွှဲတော်မူပြီ

သို့သော်လည်း ကိုယ်တော်သည် အ​ကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲ စေတော်မူပြီ။ ၁၀ အ​ကျွန်ုပ်တို့ ဗိုလ်​ခြေနှင့်အတူ ကြွတော်မမူပါ။ ၁၀ အ​ကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍ မုန်းသောသူတို့သည် အလိုလို လုယူရကြ၏။ ၁၁ ဟင်းလျာဖြစ်သော သိုးများကဲ့သို့ အ​ကျွန်ုပ်တို့ကို အပ်လိုက်၍ တပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏၊ ၁၂ ကိုယ်တော် ၏ လူများကို အဘိုးမခံဘဲ ရောင်း၍ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွားစေတော်မူသည် မဟုတ်။ [A] [B] [C]၁၃ အ​ကျွန်ုပ်တို့ကို အိမ်နီးချင်းများ ကဲ့ရဲ့ရာ ပတ်ဝန်းကျင်၌ နေသောသူ များပြက်ယယ်ပြု၍ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။ ၁၄ တပါးအမျိုးသားတို့သည် အ​ကျွန်ုပ်တို့ကို ပုံခိုင်းရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသော အခွင့်ကို ပေးတော်မူ၏။ [D] [E] ၁၅ ကဲ့ရဲ့သောသူနှင့် အသရေဖျက် သောသူ၏ စကားကြောင့်၎င်း၊ ၁၆ ရန်ဘက်ပြုသော သူနှင့် လက်စားချေသောသူ၏ မျက်နှာကြောင့်၎င်း၊ အ​ကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ် မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။


ကိုယ်တော်ကို မမေ့လျော့

၁၇ ထိုမျှ လောက်ခံရသော်လည်း အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့။ သစ္စာတော်ကို မဖျက်ကြပါ။ ၁၈ စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော်လမ်းမှ လွှဲ၍ မသွားကြပါ။ ၁၉ ကိုယ်တော်မူကား မြေခွေး နေရာအရပ်မှာ အ​ကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏။ ၂၀ အ​ကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမတော်ကို မေ့လျော့၍ တပါးအမျိုး၏ ဘုရားထံသို့ လက်ကို ဆန့်သည် မှန်လျှင် ၂၁ နှလုံး၌ ဝှက်ထားသော အရာများကို ဘုရားသခင် သိတော်မူသည်ဖြစ်၍ ထိုအမှုကို မစစ်ဘဲ နေတော်မူမည်လော။


အကျွန်ုပ်တို့ကို စွန့်ပစ်တော် မမူပါနှင့်

၂၂ အကယ်စင်စစ် ကိုယ်တော် အတွက် အ​ကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ [F] သတ်ဘို့ရာထားသော သိုးကဲ့သို့ အ​ကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။ [G] ၂၃ အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အ​ကျွန်ုပ်တို့ကို အစဉ်စွန့်ပစ် တော်မမူပါနှင့်။ ၂၄ အ​ကျွန်ုပ်တို့ ခံရသော နှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ ၂၅ အ​ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကိုခံရ၍ ရင်ပတ်လည်းမြေ၌ ကပ်လျက်ရှိပါ၏။ ၂၆ အ​ကျွန်ုပ်တို့ကို မစသော ဘုရားထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.