၂ အိုထာဝရဘုရား အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား အကျွန်ုပ်၏အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာ ပကတိရှိစေတော်မူပါ။
၃ သင်၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏ အနာရောဂါ ရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
၃ စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏ အနာကို ကုတော်မူ၏။
၂၃ ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သော သူသည်၊ ငါ့ကို အပ်နှံလိမ့်မည်။
၂၁ သို့သော်လည်း ငါ့ကိုအပ်နှံသောသူ၏လက်သည်၊ ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။
၁၈ သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကိုငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း၊ ငါနှင့်အတူစားသောသူသည်၊ ငါ့ကိုခြေနှင့်ကျောက်သတည်း။
sယေရှုအပ်နှံမည့်သူ