-
AA
+
🡀
|
🡂
ဆာလံကျမ်း
၃၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၃၉


စကားမပြောဘဲ နေသော်လည်း စိတ်ညစ်ညူး

ငါသည် စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း ကိုယ်အကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည် ကိုယ်နှုတ်ကို ချည်နှောင်မည်၊ ဟုငါပြောထား၏။ စကားမပြောဘဲ အလျက်နေ၏။ ကောင်းသော အရာကိုပင်မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူးခြင်းရှိ၏။ ကိုယ်အထဲမှာ နှလုံး ပူဆွေးခြင်းရှိ၏။ ငါညည်းတွားစဉ် မီးလောင်လေ၏။ ထိုအခါ ငါသည် နှုတ်မြွက်၏။


လူ၏အထွဋ်သို့ ရောက်သော်လည်း အနတ္တ
CROSS REFERENCES






အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အ​ကျွန်ုပ်၏ လမ်းဆုံးကို၎င်း၊ အ​ကျွန်ုပ်၏ အသက် အပိုင်းအခြားကို၎င်း၊ သိစေတော်မူပါ။ အ​ကျွန်ုပ် အသက်တာကို တမိုက်မျှသာ ခန့်ထားတော်မူပြီ။ အ​ကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏ အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တ [A] သက်သက်ဖြစ်ပါ၏။ အကယ်စင်စစ် လူသည် အရိပ်၌သာ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကို ဆည်းပူးသော်လည်း အဘယ်သူရအံ့သည်ကို မသိရပါ။


ကိုယ်တော်ကိုသာ မြော်လင့်ပါ၏
CROSS REFERENCES






ယခုမူကား အ​ကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာအကြောင်း ရှိပါ၏။ [B] ပြစ်မှားမိသမျှသော အပြစ်တို့မှ အ​ကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။ ကိုယ်တော် စီရင်တော်မူရာ ဖြစ်သောကြောင့် အ​ကျွန်ုပ် ပြောစရာမရှိ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။ ၁၀ အ​ကျွန်ုပ်ကို ဒဏ်ခတ် တော်မမူပါနှင့်ဦး။ လက်တော် အောက်၌ ဆုံးမခြင်းကို ခံရ၍ အားကုန်ပါပြီ။


လူခပ်သိမ်းတို့သည် အနတ္တ
CROSS REFERENCES





CROSS REFERENCES






၁၁ ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့ လူတို့၏ တင့်တယ်ခြင်း အသရေကို ပြက်ပျောက်စေတော်မူ၏။ အကယ်စင်စစ် လူခပ်သိမ်းတို့သည် အနတ္တ [A]သက်သက် ဖြစ်ကြပါ၏။ ၁၂ အိုထာဝရဘုရား အ​ကျွန်ုပ် ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ။ အ​ကျွန်ုပ် အော်ဟစ်သော အသံကို နားထောင်တော်မူပါ။ အ​ကျွန်ုပ် မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့ အ​ကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ [C] ၁၃ အ​ကျွန်ုပ်သည် ရွေ့သွား၍ မပျောက်မှီတွင် သက်သာ ရမည်အကြောင်း မျက်နှာ လွှဲတော်မူပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.