-
AA
+
🡀
|
🡂
ဆာလံကျမ်း
၃၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၃၇


ကိုယ်တော်ကို ကိုးစားလော့
CROSS REFERENCES





CROSS REFERENCES






လူဆိုးတို့ အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသော ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ ထာဝရ ဘုရားကို ခိုလှုံ၍ကောင်းသော အကျင့်ကိုကျင့်လော့။ ပြည်တော်၌နေ၍ သမ္မာတရား [A]ကို ကျက်စားလော့။ ထာဝရ ဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။ ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ [B] သို့ပြုလျှင် စီရင်တော်မူမည်။ သင်၏ဖြောင့်မတ်ခြင်း အကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဖေါ်ပြတော်မူမည်။ ထာဝရဘုရား ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသော အကြံအ စည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။ ၁၀ ခဏကြာပြီးမှ မတရားသော သူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ ၁၁ စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။


မတရားသောသူနှင့် ဖြောင့်မတ်သောသူ
CROSS REFERENCES






၁၂ မတရားသောသူသည် ​ဖြောင့်မတ်သောသူ တဘက်၌ ကြံစည်၍ အံ့သွားခဲကြိတ် တတ်၏။ ၁၃ သို့သော်လည်း သူ၏နေ့ရက် အချိန်ရောက်မည်ကို ဘုရားရှင် သိမြင်၍ သူ့ကို ပြုံးရယ်တော်မူ၏၊ ၁၄ မတရားသောသူတို့သည် ဆင်းရဲ ငတ်မွတ်သောသူတို့ကို လှဲချခြင်းငှါ၎င်း၊ ​ဖြောင့်မတ်စွာ ကျင့်သောသူတို့ကို သတ်ခြင်းငှါ၎င်း၊ ဓါးကိုထုတ်လျက် လေးကိုတင်လျက် နေတတ်ကြ၏။၁၅ သို့သော်လည်း သူတို့ဓါးသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေး တို့သည်လည်း ကျိုးကြလိမ့်မည်။ ၁၆ ​ဖြောင့်မတ်သောသူ၌ နည်းသော ဥစ္စာသည် မတရားသောသူတို့၌ ကြွယ်ဝသော ဥစ္စာထက်သာ၍ ကျေးဇူးရှိ၏။ ၁၇ အကြောင်းမူကား၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်။ ​ဖြောင့်မတ်သောသူကိုကား ထာဝရဘုရား မစတော်မူ၏။ ၁၈ ​ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍၊ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲ တည်လိမ့်မည်။ ၁၉ သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊ ၂၀ မတရားသောသူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့သို့ ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ ၂၁ မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ​ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။ ၂၂ ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်းကို ခံရသောသူမူကား ပယ်ရှင်းခြင်းကို ရောက်ရလိမ့်မည်။ ၂၃ ကောင်းသောသူ၏​ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ၂၄ ထိုသူသည် လဲသော်လည်း ဆုံးရာသို့ မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏၊ ၂၅ ​ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့် အကြောင်းသူ၏ သားမြေးတို့သည် တောင်း၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။ ၂၆ သူသည်အစဉ် သနားသောစိတ်ရှိသည်နှင့် သူတပါးတို့အား ချေးငှါးတတ်သည် ဖြစ်၍၊ သူ၏သားမြေးတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြ၏။ ၂၇ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲ နေရလိမ့်မည်။ ၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူ [C] တို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်။ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ၂၉ ​ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။ ၃၀ ​ဖြောင့်မတ်သောသူ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ်၏၊ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။ ၃၁ ထာဝရဘုရား၏ တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။ ၃၂ မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါရှာ ကြံတတ်၏။ ၃၃ သို့သော်လည်း ထာဝရဘုရားသည် ထိုသူ၏လက်၌ ​ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ် ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်။ ၃၄ ထာဝရဘုရားကို မြော်လင့်၍ လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။ ၃၅ မတရားသောသူသည် အစိုးတရပြု၍ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင် လန်းလန်းရှိသကဲ့သို့ ကိုယ်ကိုကိုယ် ပြန့်ပွားစေသည်ကို ငါမြင်ရသော်လည်း ၃၆ နောက်တဖန် သူသည် ရွေ့သွား၍ ကွယ်ပျောက်၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။ ၃၇ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ​ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်၊ ၃၈ ပြစ်မှားသောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသော သူတို့သည် အဆုံး၌ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်။ ၃၉ ​ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရား စီရင်တော်မူ၏။ ဘေးရောက်သည့် ကာလ၌ သူတို့ခိုလှုံရာ ဖြစ်တော်မူ၏။ ၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်။ ယုံကြည် ခိုလှုံသောကြောင့် မတရားသောသူတို့လက်မှ နှုတ်ယူ ကယ်တင်တော်မူမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.