-
AA
+
🡀
|
🡂
ဆာလံကျမ်း
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၃၅


ထာ၀ရဘုရားထံ အကူအညီတောင်း

အိုထာဝရဘုရား၊ အ​ကျွန်ုပ်၌ ဆန့်ကျင်ဘက် ပြုသောသူတို့ကို ဆန့်ကျင်ဘက် ပြုတော်မူပါ။ အ​ကျွန်ုပ်ကို စစ်တိုက်သော သူတို့ကို တိုက်တော်မူပါ။ ဒိုင်းလွှားကိုကိုင်၍ အ​ကျွန်ုပ်ကို ကူညီစေခြင်းငှါ ထတော်မူပါ။ အ​ကျွန်ုပ်ကို လိုက်သောသူတို့ ရှေ့၌ လှံတော်ကိုရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ ချမ်းသာပေးသောသူ ပေတည်း၊ ဟုအ​ကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော်မူပါ။ အ​ကျွန်ုပ် အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော်။ အ​ကျွန်ုပ်ကို အန္တရာယ်ပြုမည်၊ ဟုကြံစည်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော်။ ထိုသူတို့သည် လေတိုက်သော ဖွဲကဲ့သို့ ဖြစ်ကြပါစေသော်။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော်။ သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်း ဖြစ်ပါစေသော်။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော်။ အကြောင်းမရှိဘဲ အ​ကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အ​ကျွန်ုပ် အသက်ကို သတ်စရာဘို့ တွင်းကိုတူးကြပါပြီ။ ထိုသို့သောသူသည် အမှတ်တမဲ့ ပျက်စီးခြင်းသို့ ရောက်ပါစေသော်။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော်။ မိမိတွင်းထဲသို့ မိမိကျပါစေသော်။


ထာဝရဘုရား၌ ဝမ်းမြောက်မည်

သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ကယ်တင် တော်မူခြင်း အကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်း မြူးတူးခြင်း ရှိလိမ့်မည်။ ၁၀ အ​ကျွန်ုပ် အရိုးရှိသမျှတို့လည်း၊ အိုထာဝရဘုရား၊ အစိုးတရ ပြုသောသူ၏ လက်မှ ဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူ ဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲ ငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာ ပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း၊ ဟုလျှောက်ဆိုကြမည်။


ငါမူကား သူတို့အပေါ် ဆုတောင်းပေး

၁၁ မမှန်သော သက်သေတို့သည် ပေါ်လာ၍၊ ငါမသိသော မှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။ ၁၂ ငါပြုသော ကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်း တည်းဟူသော မကောင်းသော အရာကို ဆပ်ပေးကြ၏။ ၁၃ ငါမူကား၊ သူတို့၌ အနာရောဂါ စွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။ ၁၄ သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကို ကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကို အောက်မေ့၍၊ စိတ်မသာ ညည်းတွားသော သူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏။


ငါလဲသောအခါ ဝမ်းမြောက်ကြ

၁၅ ငါလဲသောအခါမှုကား သူတို့သည် ဝမ်းမြောက်၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက်၌ စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနေဘဲ ငါ့ကို ဆွဲဖြတ်ကြ၏၊ ၁၆ ပွဲ၌ ခစားတတ်သော လူဆိုးတို့နှင့်အတူ ငါကို အံသွားခဲကြိတ်ကြ၏။ ၁၇ အိုထာဝရဘုရား အဘယ်မျှ ကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အ​ကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ၎င်း၊ အ​ကျွန်ုပ် အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း၊ ကယ်လွှတ်တော်မူပါ။ ၁၈ ကျေးဇူးတော် ကြီးလှပါ၏၊ ဟုမဟာပရိသတ် အလယ်မှာ အ​ကျွန်ုပ်ဝန်ခံပါမည်။ များစွာသော လူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ၁၉ မဟုတ်မမှန်ဘဲ အ​ကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အ​ကျွန်ုပ်ကို မုန်းသောသူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။ ၂၀ အကြောင်းမူကား သူတို့သည် အမှုငြိမ်းစေသော စကားကိုမပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့ တဘက်၌ လျှို့ဝှက်သော အမှုများကို ကြံစည်ကြပါ၏။ ၂၁ အ​ကျွန်ုပ်ကို ပါးစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့် မြင်ရပြီ၊ ဟုဆိုကြပါ၏။


ဘုရားထံအကူအညီတောင်း

၂၂ အိုထာဝရဘုရား ကိုယ်တော်သည် သိမြင်တော်မူ၏။ အိုဘုရားရှင် တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အ​ကျွန်ုပ်နှင့် ဝေးဝေး နေတော်မမူပါနှင့်။ ၂၃ အ​ကျွန်ုပ်၏ ဘုရားသခင် အ​ကျွန်ုပ်၏အရှင်၊ အ​ကျွန်ုပ်၌ ရောက်သော အမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။ ၂၄ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူခြင်းနှင့်အညီ၊ အ​ကျွန်ုပ်အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည်အ​ကျွန်ုပ်ကိုနိုင်၍ ဝမ်းမမြောက် ကြပါစေနှင့်။ ၂၅ အဲ၊ ငါတို့အလိုပြည့်စုံပြီ၊ ဟုမအောက်မေ့ကြပါစေနှင့်။ ငါတို့သည် သူ့ကိုမျိုပြီ၊ ဟုမပြောကြပါစေနှင့်။ ၂၆ အ​ကျွန်ုပ်၌ ဘေးရောက်သည် အကြောင်းကို ဝမ်းမြောက်သောသူ အပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော်။ အ​ကျွန်ုပ်တဘက်၌ ကိုယ်ကိုချီး မြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော်။ ၂၇ အ​ကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော်။ မိမိ​ကျွန်၌ ချမ်းသာ တိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီး တော်မူစေသတည်း၊ ဟုသူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော်။ ၂၈ အ​ကျွန်ုပ်သည်လည်း ကိုယ်တော်၏​ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွက်ဆို၍၊ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.