-
AA
+
🡀
|
🡂
ဆာလံကျမ်း
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၃၃


ထာ၀ရဘုရားကို ချီးမွမ်းကြလော့
CROSS REFERENCES






​ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်းအကျင့်သည် သဘော ဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။ စောင်းတီး၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာ သီချင်းဆိုကြလော့။ ရှေ့တော်၌ အသစ်သော သီချင်းကိုဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သမ္မာတရား [A](a) နှင့် ညီကြ၏။ ​ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။


နှုတ်တော်အားဖြင့် အားလုံးဖန်ဆင်း
CROSS REFERENCES






ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကို၎င်း၊ နှုတ်တော် အသက်အားဖြင့် မိုးကောင်းကင် တန်ဆာများကို၎င်း၊ ဖန်ဆင်းတော်မူ၏။ သမုဒ္ဒ​ရာရေကို စုပုံစု ဝေးစေတော်မူ၏။ နက်နဲသော သမုဒ္ဒ​ရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏။ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ။ [B] လောကီနိုင်ငံသား အပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။ အကြောင်းမူကား ထာဝရဘုရား မြွက်ဆို၍ မြွက်ဆို တော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည် အတိုင်းတည် လျက်နေ၏။


မင်္ဂလာရှိသောအမျိုး

၁၀ ထာဝရဘုရားသည် တပါးအမျိုးသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏။ လူစုတို့၏ ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။ ၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလ အနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည် သားစဉ် မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်။ ၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏။ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။


ထာ၀ရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု

၁၃ ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု၍ လူသား အပေါင်းတို့ကို မြင်တော်မူ၏။ ၁၄ ကျိန်းဝပ် တော်မူရာအရပ်က ကြည့်ရှု၍ မြေကြီးပေါ်မှာ နေသော သတ္တဝါ အပေါင်းတို့ကို မှတ်တော်မူ၏။ ၁၅ သူတို့၏ စိတ်နှလုံး ရှိသမျှတို့ကို ဖန်ဆင်း၍ သူတို့ ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏။


ဘုရားကသာ ကယ်တင်နိုင်
CROSS REFERENCES






၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာသာမရ။ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်း မရောက်၊ ၁၇ မြင်းသော်လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်။ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်။ ၁၈ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊ [C] ၁၉ သေဘေးနှင့် ကင်းလွတ်မည် အကြောင်း အစာခေါင်းပါးသည့် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကို ကြည့်ရှုလျက် ရှိတော်မူ၏။


ထာ၀ရဘုရားကိုမြော်လင့်

၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရဘုရားကို မြော်လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကိုမစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ ၂၁ သန့်ရှင်းသော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။ ၂၂ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးစားသည်နှင့် အညီ၊ အ​ကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော်။

_________________________
Footnotes


(a) သစ္စာတရား



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.