-
AA
+
🡀
|
🡂
ဆာလံကျမ်း
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၃၁

A Psalm of Complaint and of Praise.

For the music director. A Psalm of David.

ဒါဝိဒ်၏ချီးမွမ်းခြင်းဆာလံ
CROSS REFERENCES






အိုထာဝရဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော်။ တရားတော်နှင့် အညီ အ​ကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ အ​ကျွန်ုပ် ဘက်သို့ နားတော်ကိုလှည့်၍ အလျှင်အမြန် ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ခိုင်ခံ့သောကျောက်၊ အ​ကျွန်ုပ် လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။ အကယ်စင်စစ် အ​ကျွန်ုပ်၏ ကျောက်၊ အ​ကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော် ပေတည်း။ နာမတော်အဘို့ အလို့ငှါ အ​ကျွန်ုပ်ကို လမ်းပြ၍ သွန်သင် ပဲ့ပြင်တော်မူပါ။ ကိုယ်တော်သည် အ​ကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အ​ကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲက အ​ကျွန်ုပ်ကို နှုတ်ယူတော်မူပါ။ သစ္စာ စောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ရွေးနှုတ် တော်မူသည်ဖြစ်၍၊ အ​ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။ မုသာအနတ္တကို [A] ဆည်းကပ်သော သူတို့ကို အ​ကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အ​ကျွန်ုပ် ဆင်းရဲခြင်းကို ကြည့်ရှု၍ အ​ကျွန်ုပ်၏ ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏။ အ​ကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။ အိုထာဝရဘုရား အ​ကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အ​ကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်းအားဖြင့် အ​ကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။ ၁၀ အ​ကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ့်အပြစ်ကြောင့် အ​ကျွန်ုပ်အား လျော့၍ ရန်သူများသောကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။ ၁၁ အိမ်နီးချင်းတို့သည်အ​ကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အ​ကျွမ်းဝင်သော သူများတို့သည် လည်းရွံ့ကြပါ၏။ အိမ်ပြင်မှာ အ​ကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏။ ၁၂ မအောက်မေ့သော အသေကောင်ကဲ့သို့ အ​ကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အ​ကျွန်ုပ် ဖြစ်ပါ၏။ ၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ်ဝန်းကျင် အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်း သင်းဖွဲ့လျက် အ​ကျွန်ုပ်အသက်ကို သတ်မည် အကြောင်းကြံ စည်ကြပါ၏။


၁၄ သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ် ကိုးစားပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူသည်၊ ဟုအ​ကျွန်ုပ် လျှောက်ဆိုပါ၏။ ၁၅ အ​ကျွန်ုပ်၌ ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော် စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ်သော သူတို့လက်မှ အ​ကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့် အ​ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ၁၇ အိုထာဝရဘုရား အ​ကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်း ပဌနာ ပြုပါသည်ဖြစ်၍ ရှက်ကြောက်ခြင်း မရှိပါစေနှင့်။ လူဆိုးတို့မူကား အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာ နေကြပါစေသော်။ ၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်တကွ၊ ​ဖြောင့်မတ်သောသူ တဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာ နေကြပါစေသော်။

CROSS REFERENCES






၁၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ [B] တို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသောသူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။ ၂၀ လူတို့ပြုတတ်သော ပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ။ ရန်တွေ့ခြင်းအသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။ ၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံ့သောမြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အ​ကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။ ၂၂ အ​ကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီ၊ ဟုအ​ကျွန်ုပ် တုန်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အ​ကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော် နားထောင် တော်မူသတည်း။
CROSS REFERENCES






၂၃ ထာဝရဘုရား၏ သန့်ရှင်းသူ [C]အပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာန ထောင်လွှားသောသူ တို့ကိုကား၊ အပြစ်များစွာ ပေးဆပ်တော်မူသတည်း။ ၂၄ ထာဝရဘုရားကို ကိုးစားသောသူ အပေါင်းတို့၊ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.