၆ သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းခြောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ဓားဘေးနှင့် ကင်းလွတ်လိမ့်မည်။
၅ ထာဝရဘုရားသည် ငါ့ကို မစတော်မူသောကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့်ရှိ၏။
၈ ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသော အခွင့်ကို၊ ကိုယ်တော် အရှင်ထာဝရဘုရား သာလျှင်အခွင့် ပေးတော်မူ၏။
၂ စောစောထလျက်၊ ညနက်သည့်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက် နေသော်လည်း အကျိုးမရှိ၊ အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန်ပေးတော်မူ၏။
sသားသမီးများကို သွန်သင်ရမည်
၂၄ အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။