ဆာလံကျမ်း
အခန်းကြီး ၂၃
ထာ၀ရဘုရားငါ၏ သိုးထိန်း
၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် လိုလေသေး မရှိရ။
(a) ၂ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသော မြစ်နားသို့ လမ်းပြတော်မူ၏။
၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော်အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
၄ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကို ခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ် ခွက်ဖလားသည် လျှံလျက် ရှိပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။
_________________________
Footnotes
(a) မြန်မာကျမ်းစာအုပ်၌ ၊ "ဆင်းရဲမခံရ" ဟုဘာသာပြန်ထားသည်။ ဆင်းရဲ မခံရဟုဆိုသောကြောင့် ဥစ္စာ ပစ္စည်းချမ်းသာရမည် ဟုယူဆနိုင်သည်။ ထို့ကြောင့် "လိုလေသေးမရှိရ" ဟုပြင်လိုက်ခြင်းဖြစ်သည်။