-
AA
+
🡀
|
🡂
ဆာလံကျမ်း
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၂၂


ဝေဒနာကြောင့် အော်ဟစ်သော ဒါဝိဒ်၏ဆာလံ

အ​ကျွန်ုပ်ဘုရား၊ အ​ကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အ​ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ [A] အ​ကျွန်ုပ်ကို မကယ်တင်ဘဲ အ​ကျွန်ုပ် အော်ဟစ်သော စကားကို နားမထောင်ဘဲ၊ အဘယ်ကြောင့် အဝေးမှာ နေတော်မူသနည်း။ အ​ကျွန်ုပ်ဘုရား၊ နေ့အခါအ​ကျွန်ုပ် အော်ဟစ်သော်လည်း ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ ကိုယ်တော်မူကား၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်း ရှိတော်မူ၏။ အ​ကျွန်ုပ် တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင် ကိုယ်တော်သည် ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ကြပါ၏။ ကိုယ်တော်ကို ကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။


ထာ၀ရဘုရား ကိုးစား၍သူတပါး ကဲ့ရဲ့စရာဖြစ်
CROSS REFERENCES






အ​ကျွန်ုပ်မူကား လူမဟုတ် ပိုးကောင်မျှ သာဖြစ်ပါ၏။ [B] လူများကဲ့ရဲ့စရာ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ၏။ အ​ကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ယယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။ [C] သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကို ကယ်နှုတ် တော်မူပါလေစေ။ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင် တော်မူပါလေစေ၊ ဟုဆိုကြပါ၏။ [D]


မွေးကတည်းကဘုရားလက်ထဲမှာ

သို့သော်လည်း ကိုယ်တော်သည် အ​ကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍၊ နို့စို့သည် ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။ ၁၀ အ​ကျွန်ုပ်သည် မွေးဖွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ။ ၁၁ အ​ကျွန်ုပ်နှင့် ဝေးဝေး နေတော်မမူပါနှင့်။ [E] ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူ မရှိပါ။


နွားလးဥသဘနှင့် ခြင်္သေ့ကဲ့သို့ဝန်းရံ
CROSS REFERENCES






၁၂ နွားလားဥသဘတို့သည် အ​ကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြပါ၏။ ၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အ​ကျွန်ုပ်ကို ပါးစပ်ဟကြပါ၏၊ ၁၄ အ​ကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ် ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အ​ကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ဖြစ်၍ ရင်ထဲမှာ အရည်ကျို လျက်ရှိပါ၏။ [F]၁၅ အ​ကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း​ခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။ အ​ကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ။


အကျွန်ုပ်ခြေလက်တို့ကိုထိုးဖောက်
CROSS REFERENCES






၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အ​ကျွန်ုပ်၏လက်​ခြေတို့ကို ထိုးဖောက်ကြပါပြီ။ [G] ၁၇ ကိုယ်အရိုး ရှိသမျှတို့ကို အ​ကျွန်ုပ် ရေတွက်နိုင်ပါ၏။ သူတို့သည် အ​ကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏။ ၁၈ အ​ကျွန်ုပ်အဝတ်ကို အချင်းချင်း ဝေဖန်၍ အ​ကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။ [H] ၁၉ အိုထာဝရဘုရား၊ အ​ကျွန်ုပ်နှင့် ဝေးဝေး နေတော်မမူပါနှင့်။ အ​ကျွန်ုပ်၏ခွန် အားဗလ အ​ကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန် ကြွလာတော်မူပါ။ ၂၀ အ​ကျွန်ုပ်အသက် ကိုဓါးဘေးမှ၎င်း၊ အ​ကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း၊ ကယ်လွှတ်တော်မူပါ။ ၂၁ ခြင်္သေ့ခံတွင်းမှ အ​ကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာအ​ကျွန်ုပ် ခေါ်သောအသံကို နားထောင်တော်မူပါ။ ၂၂ အ​ကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။ [I]


ထာ၀ရဘုရားကိုချီးမွမ်းကြလော့
CROSS REFERENCES






၂၃ ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ [J] ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ် အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြကြလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။ ၂၄ အကြောင်းမူကား နှိမ့်ချလျက် ရှိသောသူ၏ နှိမ့်ချသော အဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကို မလွှဲအော်ဟစ်သောအခါ နားထောင်တော်မူပြီ။ ၂၅ အ​ကျွန်ုပ်သည် မဟာပရိ သတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ သစ္စာကတိ ထားသည်အတိုင်း သစ္စာဝတ်ကို ​ဖြေပါမည်။ ၂၆ နှိမ့်ချလျက် ရှိသောသူတို့သည် ဝစွာစားရ ကြလိမ့်မည်။ ထာဝရဘုရားကို ရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်။ ၂၇ မြေကြီးစွန်း ရှိသမျှတို့သည် သတိရ၍ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။ ၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။ ၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသောသူ အပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ့်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ ဆင်းရသောသူ အပေါင်းတို့သည်လည်း ရှေ့တော်၌ ညွတ်ပြပ်ဝပ်တွား ကြလိမ့်မည်။ ၃၀ သူတို့အမျိုး အနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် လူအစဉ်အဆက်တို့သည်၊ ထာဝရဘုရား၏ သိတင်းတော်ကို ကြားရလိမ့်မည်။ ၃၁ ဤသို့ စီရင်တော်မူပြီးမှ သူတို့သည် ပေါ်လာ၍ တရားသော အမှုတော်ကို ဖွားသောလူမျိုးအား ဖေါ်ပြရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.