ဆာလံကျမ်း
အခန်းကြီး ၁၅၀
ဘုရားသခင်ကို ချီးမွမ်းကြလော့
၁ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။
၂ ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီး မြတ်တော်မူခြင်းရှိသည် အတိုင်း၊ ချီးမွမ်းကြလော့။
၃ တံပိုးမှုတ်လျက် ဘုရားသခင်ကို ချီးမွမ်းကြလော့။၊ တယောနှင့် စောင်းကို တီးလျက် ချီးမွမ်းကြလော့။
၄ ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကို တီးလျက် နှဲခရာကိုမှုတ်လျက် ချီးမွမ်းကြလော့၊
၅ အသံကျယ်သော သံလွင်
(a) ကို တီးလျက် ချီးမွမ်းကြလော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။
၆ အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။
ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏။
_________________________
Footnotes
(a) cymbal လင်းကွင်း