၂၆ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍၊ နှစ်သက်တော်မူသော အကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော် အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါ တစ်စုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရား (Jehovah-Rapha) ဖြစ်သည်၊ ဟုမိန့်တော်မူ၏။
၁၈ ထိုအရှင်သည် အနာကိုဖြစ်စေ၍ ထိုအနာကိုလည်း စည်းတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာ စေတော်မူ၏။
၂ အိုထာဝရဘုရား အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား အကျွန်ုပ်၏အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာ ပကတိရှိစေတော်မူပါ။
၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောတို့နှင့် နှလုံးကြေကွဲသော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည်ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ။
၂၀ နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်း အရာများထဲက နှုတ်ယူတော်မူ၏။