ဆာလံကျမ်း
အခန်းကြီး ၁၂၁
၁ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ၂ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
၃ သင်၏ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ။ သင့်ကိုစောင့်သောသူသည် အိပ်တော်မမူ။ ၄ အကယ်စင်စစ် ဣသရေလ အမျိုးကို စောင့်သောသူကို ငိုက်မျည်းအိပ် ပျော်ခြင်းရှိတော်မမူ။
၅ ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။ ၆ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညအချိန်၌ လအားဖြင့်၎င်း၊ အထိအခိုက်မရှိရာ၊
၇ ထာဝရ ဘုရားသည် မကောင်းသော အမှုအရာအလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ၈ ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။