-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၁၈


ထာ၀ရဘုရားကို ချီးမွမ်းကြလော့
CROSS REFERENCES






ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကရုဏာတော် အစဉ်အမြဲတည်သည်၊ ဟုဣသရေလ အမျိုးဝန်ခံစေ။ ကရုဏာတော် အစဉ်အမြဲ တည်သည်၊ ဟုအာရုန်အနွယ်ဝန်ခံစေ။ ကရုဏာတော် အစဉ်အမြဲတည်သည်၊ ဟုထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ဝန်ခံကြစေ။ [A]


ထာ၀ရဘုရားသည် ငါ့ဘက်၌ ရှိတော်မူ၍

ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း၊ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်။

CROSS REFERENCES






ထာ၀ရဘုရား ကိုးစားခြင်း ပိုကောင်း [B]

ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၍ ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏။ ၁၀ လူမျိုးအပေါင်းတို့သည် ငါကို ဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ ၁၁ ငါ့ကို ဝိုင်းကြ၏။ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့်၊ သူတို့ကို ပယ်ဖြတ်ရ၏။ ၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကို လောင်သောမီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ ၁၃ သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်းသော်လည်း၊ ထာဝရဘုရားသည် ငါကိုမစတော်မူ၏။ ၁၄ ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း၊ ငါ့ကို ကယ်တင်ခြင်း အကြောင်း ဖြစ်တော်မူ၏။ ၁၅ ​ဖြောင့်မတ်သောသူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်း အသံရှိ၏။ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသောအမှုကို ပြု၏။ ၁၆ ထာဝရဘုရား၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။


ငါမသေရသေး

၁၇ ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။ ၁၈ ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး။ ၁၉ ​ဖြောင့်မတ်ခြင်း တံခါးတို့ကို ငါအားဖွင့်ကြ။ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်။ ၂၀ ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ​ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏။ ၂၁ ကိုယ်တော်ကို အ​ကျွန်ုပ် ချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အ​ကျွန်ုပ်၏ စကားကို နားထောင်၍၊ အ​ကျွန်ုပ်ကို ကယ်တင်တော်မူ၏။


လူပယ်သောအရာ ဘုရားက ချီးမြှောက်
CROSS REFERENCES






၂၂ တိုက်ကိုတည်လုပ်သော သူများ ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။ [C] ၂၃ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏။ ၂၄ ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ ဝမ်းမြောက်ရွှင်လန်း ကြကုန်အံ့။ ၂၅ အိုထာဝရဘုရား ကယ်တင်တော်မူပါ၊ ဟုတောင်းပန်ပါ၏။ အိုထာဝရဘုရား ကောင်းကြီးမင်္ဂလာကို ပေးတော်မူပါ၊ ဟုတောင်း ပန်ပါ၏။


ဘုရားအခွင့်နှင့် ကြွလာသူမင်္ဂလာရှိ
CROSS REFERENCES






၂၆ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာ ရှိစေသတည်း။ [D]ထာဝရဘုရား၏ အိမ်တော်ထဲက အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီးပေးကြပါ၏။ ၂၇ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့်ချည်ကြလော့။ ၂၈ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အ​ကျွန်ုပ်၏ ဘုရား ဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ၂၉ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.