-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၁၅



အ​ကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ၊ အိုထာဝရဘုရား အ​ကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း။ သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်း၊ ဟုတပါးအမျိုးသား တို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သော အရာပေတည်း။ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ နားရှိ၍ မကြားတတ်။ နှာခေါင်းရှိ၍ မနမ်းတတ်။ လက်ရှိ၍ မကိုင်တတ်။ ​ခြေရှိ၍ မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံ မပြုတတ်ပါတကား။ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူ အပေါင်းတို့လည်း အတူတူပါတကား။
CROSS REFERENCES






အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော။ ထာဝရဘုရားသည် ဣသရေလ အမျိုးကို မစသော သူကွယ်ကာသောသူ ဖြစ်တော်မူ၏။ ၁၀ အိုအာရုန် အမျိုးအနွယ် ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ် ကိုမစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ ၁၁ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ [A]ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ ၁၂ ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော်မူ၏။ ကောင်းကြီး ပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီး ပေးတော်မူမည်၊ အာရုန်အမျိုးအနွယ်ကို ကောင်းကြီး ပေးတော်မူမည်။ ၁၃ ထာဝရဘုရားကို ကြောက်ရွံ့သော သူအကြီးအငယ်တို့ကို ကောင်းကြီး ပေးတော်မူမည်။ ၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်၊ ၁၅ သင်တို့သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသော ထာဝရ ဘုရား ကောင်းကြီး ပေးတော်မူသောသူ ဖြစ်ကြ၏။ ၁၆ ကောင်းကင်ကား ထာဝရဘုရား၏ ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။ ၁၇ သေလွန်သောသူ ငြိမ်းရာထဲသို့ ဆင်းသောသူရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။ ၁၈ ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ်အဆက် ကောင်းကြီး ပေးကြလေအံ့သတည်း။ ဟာလေလုယ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.