၁၈ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၉ ငါတို့ပြည်၌ ဘုန်းတော် ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန် ရောက်လေပြီ။
၁၃ ထာဝရဘုရားကို ကြောက်ရွံ့သော သူအကြီးအငယ်တို့ကို ကောင်းကြီး ပေးတော်မူမည်။
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှ သောသူတို့သည် မင်္ဂလာ ရှိကြ၏။
၁၉ ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏ အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။
၂၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
၂၃ ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍၊ ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
၄ စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံခြင်းကျေးဇူးကြောင့်စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။
၂၄ အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖေါ်ဖြစ်၏။