၂၈ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွှံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်၊ ပညာ၏ အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလ မြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
၁၃ အချုပ် အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။