၄၄ ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီ တိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်၊ ဟုဒါဝိဒ်ဆိုသတည်း။
၃ ထိုသားတော်သည်၊ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဖေါ်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
၆ ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ် ဖြစ်သည်။ ဟုလာသတည်း။
s ယေရှုသည် မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်
၁၇ အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်၊၊ ဟုသက်သေခံတော်မူသတည်း။
s ယေရှုသည်အကျိန်အားဖြင့်ယဇ်ပုရောဟိတ်အရာရ
၂၁ ယေရှုမူကား၊ အကျိန်တော်မရှိဘဲ၊ ယဇ်ပုရောဟိတ်အရာကို မရ။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်၊ ဟုကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊