-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်





ဆာလံကျမ်း
အခန်းကြီး ၁၁


မတရားသောသူလေးကိုတင်

မတရားသောသူတို့သည် သဘောဖြောင့်သောသူတို့ကို၊ မထင်မရှား ပစ်အံ့သောငှါ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြှားကို ပြင်ကြ၏။ အမှီတကဲတို့သည်ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည် ငှက်ကဲ့သို့၊ ကိုယ်နေရာ တောင်ပေါ်သို့ ပြေးချေ၊ ဟုအဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏။


ထာ၀ရဘုရားသည် ဗိမာန်တော်မှ ကြည့်ရှု

ထာဝရဘုရားသည်၊ သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည်၊ ကောင်းကင်ပေါ်မှာ တည်၏။ မျက်စိတော်သည် ကြည့်ရှု၍၊ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို၊ စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူ ဖျက်ဆီးလိုသောသူကို၊ ဝိညာဉ်တော်သည် မုန်းတော်မူ၏။ မတရားသောသူ တို့အပေါ်မှာ၊ တောက်သောမီးခဲကန့်နှင့် ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော်မူမည်။ တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည်၊ တရားသောအမှုကို နှစ်သက်၍ သဘော ဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.