-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀၅


ထာ၀ရဘုရားကို ချီးမွမ်းကြလော့

ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ သန့်ရှင်းသော နာမတော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။


ထာဝရဘုရားကို ရှာကြလော့
CROSS REFERENCES






ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။ [A] စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း၊ အောက်မေ့ကြလော့။


အာဗြဟံအမျိုး ယာကုပ်အနွယ်

ထာဝရဘုရား၏​ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင် ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရားစီရင် ပိုင်တော်မူ၏။ ငါသည် သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်၊ ဟုငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ်လျက် နေသောအခါ၊ ၁၀ အာဗြဟံ၌ ဂတိထား၍၊ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ၁၁ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ၁၂ လူမျိုးအဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။ ၁၃ သူတို့သည် တမြို့မှတမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊ ၁၄ သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင်ဘုရင်ကို ဆုံးမလျက်၊ ၁၅ ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်၊ ဟုမိန့်တော်မူ၏။


ယောသပ်ကို စေလွှတ်

၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအဟာရတည်းဟူသောအထောက်အပင့်ရှိသမျှကိုချိုးဖြတ်တော်မူသောအခါ၊ ၁၇ ​ကျွန်ဖြစ်စေဘို့အရောင်းခံရသောယောသပ်ကိုသူတို့ရှေ့မှာစေလွှတ်တော်မူ၏။ ၁၈ သူ့ကို​ခြေချင်းခတ် ၍သံနှင့်ညှဉ်းဆဲကြသည်။ ၁၉ သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်းစုံစမ်းခြင်းကိုခံရ၏။ ၂၀ လူတို့ကိုအစိုးရသောအရှင်တည်းဟူသောရှင်ဘုရင်သည်စေလွှတ်၍၊ သူ့ကိုနှုတ်ပြီးမှချမ်းသာပေးတော်မူ၏။ ၂၁ သူသည်မိမိအလိုရှိသည့်အတိုင်းမင်းအရာရှိတို့ကိုချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကိုဆုံးမပိုင်သော ၂၂ အခွင့်နှင့်နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကိုခန့်ထားတော်မူ၏။


ဣသရေလကို အဲဂုတ္တုပြည်မှ ကယ်နှုတ်
CROSS REFERENCES






၂၃ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုး နေရာပြည်၌ တည်းခို၏။ ၂၄ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။ ၂၅ မိမိလူတို့ကို ရန်သူတို့သည် မုန်း၍၊ မိမိ​ကျွန်တို့ကို ပရိယာယ် ပြုမည်အကြောင်း၊ ထိုသူတို့စိတ်နှလုံးကို ပြောင်းလဲ စေတော်မူ၏။ ၂၆ တဖန် မိမိ​ကျွန်မောရှေနှင့် ရွေးကောက်တော်မူသော အာရုန်ကို စေလွတ်တော်မူ၏။ ၂၇ အဲဂုတ္တုပြည်သားတို့တွင် လက္ခဏာ သက်သေတော်တို့ကိုပြ၍၊ ဟာမအမျိုး နေရာပြည်၌ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။ ၂၈ မှောင်မိုက်ကို စေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ [B] သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရ။ ၂၉ သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။ ၃၀ သူတို့မြေသည် များစွာသော ဖားတို့ကို မင်းအိပ်ရာ အခန်းတို့၌ ပင်ဖွားလေ၏။ ၃၁ အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည်လုံးကို နှံပြားကြ၏။ ၃၂ မိုးရေအစား မိုးသီးကို၎င်း၊ သူတို့မြေပေါ်မှာ မီးလျှံကို၎င်း ပေးတော်မူ၏။ ၃၃ သူတို့ စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ ရှိသောသစ်ပင်များကို ချိုးတော်မူ၏။ ၃၄ အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊ ၃၅ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက် ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်း ကိုက်စားကြ၏။ ၃၆ သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူသည်။


ဣသရေလကိုကျွေးမွေး

၃၇ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။ ၃၈ အဲဂုတ္တု ပြည်သည် သူတို့ကို ကြောက်သောကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။ ၃၉ သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍ ညအခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။ ၄၀ သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။ ၄၁ ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက် သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။ ၄၂ အကြောင်းမူကား၊ မိမိ​ကျွန် အာဗြဟံ၌ ထားခဲ့ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော်မူ၏။ ၄၃ ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက် ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ၄၄ သူတို့သည် အထုံးအဖွဲ့တော်တို့ အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည့်အကြောင်း တပါးအမျိုးသားတို့၏ မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားကြရ၏။ ဟာလေလုယ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.