-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀၄


ငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းကြီးပေးလော့

အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သည် အလွန်ကြီး မြတ်တော်မူ၏။ ဘုန်းတန်ခိုး အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊ နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည်တော်မူသော၊ မိုးတိမ်ရထားကိုစီး၍ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထသော၊ [A] မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့ မလှုပ်ရှားစေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။


ဘုရားသည် ပင်လယ်နှင့်တောင်များအပေါ် လွှမ်းမိုး

ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့သို့ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာ ရပ်နေကြပါ၏။ တဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျှင်အမြန် ပြန်သွားကြပါ၏။ တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်းလျက်၊ သူတို့ဘို့ ခွဲတော်မူသော အရပ်သို့ ရောက်ကြပါ၏။ ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကို ပိုင်းခြားတော်မူ၏။


ထာ၀ရဘုရားသည် အပင်နှင့် တိရစ္ဆာန်များဖန်ဆင်း

၁၀ ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊ ၁၁ မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကိုပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။ ၁၂ ထိုရေအနားမှာ မိုးကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော်ကြ၏။ ၁၃ အထက်ခန်းတော်ထဲက တောင်များကို ရေပေးတော်မူ၏။ စီရင် ပြုပြင်တော်မူခြင်း အကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။ ၁၄ တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း၊ ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲကမုန့်ကို ထုတ်ဖော်တော်မူ၏။ ၁၅ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။ ၁၆ ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန် အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ ၁၇ ထိုအပင်တို့၌ ငှက်တို့သည် အသိုက် လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။ ၁၈ မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာဖြစ်ကြ၏။


နေနှင့်လလည်းဖန်ဆင်း

၁၉ ချိန်းချက်သော အချိန်ဘို့၊ လကို ဖန်ဆင်းတော်မူပြီ။ [B] နေသည်လည်း မိမိဝင်ရသော အချိန်ကိုသိ၏။ ၂၀ ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန် အပေါင်းတို့သည် တွားလျက် ထွက်တတတ်ကြပါ၏။ ၂၁ ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလို့ငှါ ဟောက်၍၊ ဘုရားသခင်ထံမှာ အစာကို ရှာကြ၏။ ၂၂ တဖန် နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။ ၂၃ လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦးတိုင်အောင် ထွက်သွားပါ၏။ ၂၄ အိုထာဝရဘုရား၊ ကိုယ်တော် စီရင်ပြုပြင်တော်မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။


သမုဒ္ဒရာကိုလည်းဖန်ဆင်း
CROSS REFERENCES





CROSS REFERENCES






၂၅ မရေတွက်နိုင်အောင် တွားသွားသော တိရစ္ဆာန် အစရှိသော တိရစ္ဆာန် အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သုမုဒ္ဒ​ရာလည်း ရှိပါသေး၏။ ၂၆ ထိုအရပ်၌ သင်္ဘောတို့ သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန် [C]သည်လည်း ရှိပါ၏။ ၂၇ ထိုသို့သော တိရစ္ဆာန် အပေါင်းတို့သည် အချိန်တန်လျှင် အစာ​ကျွေး တော်မူစေခြင်းငှါ၊ ကိုယ်တော်ကို မျှော်လင့်လျက် နေကြပါ၏။ ၂၈ ကိုယ်တော် ချထားတော်မူသည်အတိုင်း သူတို့သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။ ၂၉ မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့ မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ [D] ၃၀ တဖန် ဝိညာဉ်တော်ကိုလွှတ်၍ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ် ပြုပြင်တော်မူ၏။


ငါအသက်ရှင်စဉ် ထာဝရဘုရားကို သီချင်းဆိုမည်
CROSS REFERENCES






၃၁ ထာဝရဘုရား၏ ဘုန်းတော်သည် နိစ္စအမြဲတည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။ ၃၂ မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ်တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုးထွက်ကြပါ၏။ [E] ၃၃ ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ့၏ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်။ ၃၄ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။ ၃၅ ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင်ပယ်ရှင်း၍၊ မတရားသောသူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ဟာလေလုယ။

_________________________
Footnotes


(a) ဤကျမ်းပိုဒ်၌ လေဝိသန်ကို ငါးကြီး၊ ဟုဆိုသော်လည်း၊ ဟေရှာယ ၂၇း၁ ၌မြွေ၊ ဟုဆိုသည်။ ကျမ်းစာထဲ၌ လေဝိသန်ဟု ၆ ကြိမ်ပါရှိသည်။ လေဝိသန်၏ ပုံပန်းသဏ္ဍာန်ကို ယောဘ ၄၁ ၌အပြည့်စုံဆုံး ဖေါ်ပြထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.