-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀၃


ထာ၀ရဘုရားကို ချီးမွမ်းလော့

အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။ သင်၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏ အနာရောဂါ ရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲက ရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ခေါင်းကို ရစ်ပတ်တော်မူ၏။ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် လင်းယုန်၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။


ထာ၀ရဘုရားသည် အစဉ်အပြစ်မတင်
CROSS REFERENCES






ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှသောသူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ ဘာသာ ဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင်တော်မူသော အရာတို့ကို ဣသရေလ အမျိုးသားတို့၌၎င်း ပြတော်မူပြီ။ ထာဝရဘုရားသည် သနားတတ်သော သဘော၊ ကျေးဇူးပြုတတ်သော သဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသောသဘော ရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲထားတော်မူသည် မဟုတ်။ ၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။ ၁၁ မြေကြီးပေါ်တွင် ကောင်းကင် အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကို ကြောက်ရွံသောသူတို့၌ [A]ကရုဏာတော်သည် အားကြီးပေ၏။ ၁၂ အရှေ့မျက်နှာစွန်းသည် အနောက် မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။


ငါတို့ကိုယ်ခန္ဓာမြေမှုန့်ဖြစ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ [A] ၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။ [B]၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ [C] ၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။ ၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ [A] ကာလအစဉ် အဆက် သက်ရောက်တတ်၏။ ၁၈ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။


ကောင်းကင်တမန်တို့ ထာ၀ရဘုရားကို ကောင်းကြီးပေးကြလော့

၁၉ ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကိုနှံ့ပြား၏။ ၂၀ တန်ခိုးကြီးသော နှုတ်ကပတ်တော် အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ ၂၁ အလိုတော်သို့ လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်​ခြေတော် အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ ၂၂ နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.