၁ လာကြ၊ ထာဝရဘုရားအား ရွှင်လန်းစွာ သီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လကျ်ာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည်၊ ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ။
၃၅ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ကိုယ်တော်မှတပါး၊ အခြားသော ဘုရားမရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အား ပြတော်မူပြီ။
၁၀ ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်၊ ဟုသိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။
၃ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။
၃၉ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏၊ ဟုဝန်ခံကြ၏။
၃ ကိုယ်တော်သည် ညှဉ်းဆဲ တော်မူသင့်သလော။ ကိုယ်တိုင် ဖန်ဆင်းသော အရာကို ရွံရှာ၍ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီး ပေးတော်မူသင့်သလော။
၈ အကျွန်ုပ် တကိုယ်လုံးကို လက်တော်နှင့် စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခု ဖျက်ဆီးတော်မူမည်လော။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၃ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူသည်ကို သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။