-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀


မတရားသောသူ ပြုတတ်သော အရာများ

အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေးရပ်၍ နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည့်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။ မတရားသောသူသည် မာနစိတ်ရှိ၍ ဆင်းရဲသောသူကို ညှဉ်းဆဲတတ်ပါ၏။ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဖမ်းဆီးတတ်ပါ၏၊ မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။ မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ။ ဘုရားသခင်မရှိ၊ ဟုအစဉ် အောက်မေ့တတ်ပါ၏။ အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင်တော်မူချက်တို့သည် သူနှင့်ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသော ရန်သူတို့ကို မထီမဲ့မြင် ပြုတတ်ပါ၏၊ ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရ၊ ဟုအောက်မေ့တတ်ပါ၏။ သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်းသော အကြံနှင့် မတရားသော အမှုရှိပါ၏။ ရွာအနားတွင် ပုန်းနေရာအရပ်မှာ ထိုင်၍ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာ အရပ်၌ သတ်တတ်ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်း တတ်ပါ၏၊ ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍ နေတတ်ပါ၏၊ ဆင်းရဲသောသူကို ဖမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ဆွဲ၍ ဖမ်းဆီးတတ်ပါ၏။ ၁၀ ထိုသို့ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရ၍ ဆင်းရဲသော သူအပေါင်းတို့သည် သူ၏လက်သို့ ကျရောက် တတ်ကြပါ၏။ ၁၁ ထိုသူက ဘုရားသခင်သည် မေ့လျော့တော်မူ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူ၊ ဟုအောက်မေ့တတ်ပါ၏။


ထာ၀ရဘုရား ထတော်မူပါ

၁၂ အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက် ရှိသောသူတို့ကို မေ့လျော့တော် မမူပါနှင့်။ ၁၃ မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူ၊ ဟုအဘယ်ကြောင့် အောက်မေ့ ရပါအံ့နည်း။ ၁၄ သို့သော်လည်း ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်၊ ဟုကြည့်ရှုတော် မူတတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလှုံရာ ဖြစ်တော်မူ၏။ ၁၅ မတရားသဖြင့်ပြု၍ ဆိုးသောသူ၏ လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။


ထာ၀ရဘုရားသည် နှိမ့်ချသူတို့ကို ကြားတော်မူ၏

၁၆ ထာဝရဘုရားသည် ကာလအစဉ်အမြဲ တည်သော ရှင်ဘုရင် ဖြစ်တော်မူ၍၊ တပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြ ပါလိမ့်မည်။ ၁၇ ထိုထာဝရဘုရား ကိုယ်တော်သည် နှိမ့်ချလျက်ရှိသော သူတို့၏ တောင့်တခြင်း၊ အသံကို ကြားတော်မူ၏။ သူတို့၏ စိတ်နှလုံးကို တည်ကြည် စေတော်မူသည်။ ၁၈ ဆင်းရဲသားကို သူ၏မြေမှ တဖန်မနှင် ထုတ်မည်အကြောင်း၊ မိဘမရှိသော သူနှင့် ညှဉ်းဆဲခံရသော သူတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.