၃ အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူ အပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
၈ လေဝိအမျိုးကိုကား၊ သင်၏ သုမိမ်နှင့် ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက် ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော်။
၉ မိမိသန့်ရှင်းသူတို့ ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသော သူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
၉ မိန်းမကလည်း၊ ငါတို့ နေရာလမ်းဖြင့် အစဉ်သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
၄၁ အိုထာဝရ အရှင်ဘုရားသခင်၊ ကျိန်းဝပ်တော်မူရာသို့ တန်ခိုးတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။ အိုထာဝရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပုရောဟိတ် တို့သည် ကယ်တင်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူ တို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော်။
၁ ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့ တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
၁၅ ဘုရားသခင်သည် မိမိ သန့်ရှင်းသူ တို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌ မစင်ကြယ်။
၃ ထာဝရဘုရားသည် မိမိသန့်ရှင်းသူ ကို ရွေးထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်၍ လျှောက်သောအခါ၊ ထာဝရဘုရားသည် နားထောင် တော်မူလိမ့်မည်။
၃ ပြည်တော်၌ နေသောသန့်ရှင်းသူ နှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။
၄ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။
၂၃ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာန ထောင်လွှားသောသူ တို့ကိုကား၊ အပြစ်များစွာ ပေးဆပ်တော်မူသတည်း။
၆ ထို့ကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါ လိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။
၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူ တို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်။ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
၉ ကိုယ်တော် စီရင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော် မူသောကြောင့် ကိုယ်တော်၏ သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။
၂ ကိုယ်တော်၏ကျွန် အသေကောင်တို့ကို မိုးကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း၊ ကျွေးကြပါပြီ။
၈ ထာဝရအရှင် ဘုရားသခင် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။
၂ အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းသူတို့ အဝင်ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကို စောင့်မ၍၊ ကိုယ်တော်ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ။
၅ အိုထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ်သော အမှုတော်ကို၎င်း၊ သန့်ရှင်းသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော်။
၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက်ပြီ။
၁၀ ထာဝရဘုရားကို ချစ်တော်မူသောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏ လက်မှလည်း ကယ်နှုတ်တော်မူ၏။
၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။
၁၅ ထာဝရဘုရား ရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။
၉ ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော်။
၁၆ သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့်၊ သူ၌ သန့်ရှင်းသူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းကြီး ပေးကြပါ၏။
၁၄ မိမိလူစုတို့၏ ဦးချိုကို ချီးမြှင့်တော်မူသဖြင့် အနီးတော်၌ ရှိသောလူစု၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူ အပေါင်းတို့၏ ချီးမွမ်းရာ ဖြစ်တော်မူ၏။ ဟာလေလုယ။
၁ ထာဝရ ဘုရားရှေ့တော်၌ အသစ်သော သီချင်းကိုဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
၈ မိမိသန့်ရှင်းသူတို့သည် တရားလမ်းကို စောင့်ရှောက်မည်အကြောင်း၊ သူတို့၏ လမ်းခရီးကို လုံခြုံစေတော်မူ၏။
၁၈ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာ အစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်းကြသည်ဖြစ်၍၊ အကျွန်ုပ်တို့သည် ကိုယ်တော် မအုပ်စိုးဘူးသောသူ ကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကို မခံဘူးသောသူ ကဲ့သို့၎င်း၊ ဖြစ်ကြပါ၏။
၁၃ အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန် ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့် တည်းဟူသော သန့်ရှင်းသူ တယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊
၁၇ အကြောင်းမူကား၊ အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း၊ သတ္တဝါတို့ သိနားလည်သော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့ စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီ၊ ဟုဟစ်ကြော်လေ၏။
၂၃ သစ်ပင်စောင့်၊ သန့်ရှင်းသူ တယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော်လည်း၊ မြေကြီး၌ စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသော မြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေ၊ ဟုဆိုသည်မှာ၊
၁၈ သို့သော်လည်း၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတံ့၊ ဟုအနက်အဓိပ္ပါယ်ကို ကြားပြော၏။
၂၅ အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
၁၃ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာ ဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှ ကာလပတ်လုံး တည်လိမ့်မည်နည်း၊ ဟုမေးမြန်းလျှင်၊
၅ သင်တို့သည် ငါ့တောင်ကြား ချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင် ထာဝရဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူ အပေါင်းတို့သည် ပါကြလိမ့်မည်။
၅၂ သင်္ချိုင်းတွင်းတို့သည် ပွင့်လှစ်သဖြင့်၊ ကျိန်းစက်လျက် ရှိသော သန့်ရှင်းသူတို့၏ အလောင်း များစွာတို့သည် ထကြ၍၊
၁၃ အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို၊ အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို၊ လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
၃၂ ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည်တွင်၊ သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ ရောက်လေ၏။
၄၁ ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကို ခေါ်၍၊ အသက်ရှင်လျက် ရှိသော ထိုမိန်းမကို ပြလေ၏။
၁၀ ယေရုရှလင်မြို့၌ ထိုအမှုကိုပြုမိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာ လှောင် ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ၊ အကျွန်ုပ်သည် ဝန်ခံပါ၏။
၆ သန့်ရှင်းသူအရာ၌ ခန့်ထားသော၊ ရောမမြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
၂၇ စိတ်နှလုံးကို စစ်တော်မူသော သူသည်လည်း၊ ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည်၊ သန့်ရှင်းသူတို့၏ ဆုတောင်းခြင်း အမှုကို၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏။
sယုံကြည်သူများသည် ဘုရားသားနှင့် ညီစေခြင်းငှာ
၁၃ သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။
၂၅ ယခုအခါ သန့်ရှင်းသူတို့ကို လုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။
၃၁ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်းအမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍၊ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်းပဌနာပြုကြလော့၊ ဟုငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပါ၏။
၂ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကိုထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ ၊ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသောသူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသော သူဖြစ်၏။
၁၅ ဖိလောလုပ်(Philologus)၊ ယုလိ(Julia)၊ နေရု(Nereus)၊ နေရုနှမနှင့်ဩလုမ္ပ (Olympas)မှစ၍၊ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို၊ နှုတ်ဆက်ကြလော့။
၂ ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူ တည်းဟူသော၊ ကောရိန္သုမြို့၌ ရှိသောဘုရားသခင်၏ အသင်းတော်မှစ၍၊ ခပ်သိမ်းသောအရပ်၌ ငါတို့သခင် ယေရှုခရစ်ကို၊ ပဌနာပြုသောသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။
၁ သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ၊ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစုံတယောက်ရှိသလော။
၃၃ ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော် အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။
sခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာပြုကြလော့
၁ သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။
၁၅ ညီအစ်ကိုတို့၊ သတေဖန်၏ အိမ်သူအိမ်သားတို့သည်၊ အခါယပြည်တွင် အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏ အမှုကို ဆောင်ရွက်ခြင်းငှါ၊ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့သိကြသည်နှင့်အညီ၊
၁ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီ တိမောသေသည်၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
၄ သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့်ကူညီလျက်၊ သန့်ရှင်းသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့်၊ ငါတို့ကို တောင်းပန်ကြ၏။
၁ သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်း၏ အမှုအရာများကို၊ သင်တို့အား ငါရေး၍ ကြားလိုက်သော် အကျိုးမရှိ။
၁၂ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်း အမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ ချီးမွမ်းစရာ အကြောင်းအများနှင့် ပြည့်စုံလျက်ရှိ၏။
၁၃ သန့်ရှင်းသူ အပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကို၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာရတော်ကို၎င်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
s ကောရိန္သုဩဝါဒစာ ဒုတိယစောင်ပြီး၏။
၁ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုသည်၊ ဧဖက်မြို့၌ နေသော သန့်ရှင်းသူ တည်းဟူသော၊ ယေရှုခရစ်ကို ယုံကြည်သော သူတို့ကို ကြားလိုက်ပါ၏။
၁၅ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို၊ ငါသည် ကြားပြီးလျှင်၊
၁၈ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသော အရာကား၊ အဘယ်အရာ ဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊
၁၉ ထိုကြောင့်၊ သင်တို့သည် တကျွန်း တနိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။
၉ သန့်ရှင်းသူ အပေါင်းတို့တွင်၊ အငယ်ဆုံးသောသူ ထက်သာ၍ ငယ်သောငါအား၊ ထိုကျေးဇူးတော်ကို ပေးတော်မူသည်။
s ဘုရားသခင်၏ အကြံတော်ကို အသင်းတော်အားဖြင့်သိဘို့
၁၈ သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊
၁၂ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာ ပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
၃ မတရားသော မေထုံ၌ မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ လောဘ လွန်ကျူးခြင်း အမှုတို့ကို၊ သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားမျှဖြင့် မဆက်ဆံကြနှင့်။
၁၈ ကာလအစဉ် စိတ်နှလုံးပါလျက်၊ ဆုတောင်း ပဌနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့၊ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။
၁ ယေရှုခရစ်၏ကျွန် ဖြစ်သော ပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ ရှိသောသင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍၊ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
၂၁ ယေရှုခရစ်၌ ရှိသော သန့်ရှင်းသူ အပေါင်းတို့ကို နှုတ်ဆက်ကြလော့။
၂ ကောလောသဲမြို့၌ နေသောသန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်၊ ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။
၁၂ အလင်း၌ နေသောသန့်ရှင်းသူတို့၏ အမွေကို၊ ငါတို့သည် ဆက်ဆံ ဝင်စားထိုက်မည်အကြောင်း၊ ကျေးဇူးပြုတော်မူ၏။
၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဖေါ်ပြသော နက်နဲရာတည်းဟူ သောဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင်ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကိုထောက်၍၊
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၁၂ ထိုသခင်သည် မိမိသန့်ရှင်းသူ အပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသင်တို့၏ စိတ်နှလုံးကို၊ ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံခိုင်ခန့်စိမ့်သောငှါ၊ ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော်။
၉ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့်၊ ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊
၁၀ ကောင်းသောအကျင့်ကို ကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ကိုပြုခြင်း၊ သန့်ရှင်းသူတို့၏ ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူ ဖြစ်လျှင်၊ စာရင်းအင်းဝင်စေ။
၄ သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်၊ ဟုငါသည်ကြားလျှင်၊
၇ အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍၊ ငါတို့ သည် အလွန်ဝမ်းမြောက် ချမ်းသာခြင်းရှိ၏။
၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင်၊ အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။
၂၄ သင်တို့ကိုအုပ်သော သူအပေါင်းတို့ကို၎င်း၊ သန့်ရှင်းသူအပေါင်းတို့ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည် (Italy) သူပြည်သားတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
s ဟေဗြဲဩဝါဒစာပြီး၏။
၂၁ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။
%ln
၁၉ %ft(a) φωσφόρος (phōsphoros) ကိုမြန်မာကျမ်းစာအုပ်၌ "ကြယ်နီ" ဟုရေးထားသည်။ ထိုအရာသည် မိုးသောက်ကြယ်ဖြစ်သည်။
၃ ချစ်သူတို့၊ အညီအမျှ ဆက်ဆံသော ကယ်တင်ခြင်း အကြောင်းအရာကို၊ သင်တို့ထံသို့ ရေး၍ ပေးလိုက်ခြင်းငှါ၊ ငါသည်အ လွန်ကြိုးစား သည်တွင်၊ သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ၊ သင်တို့သည် ကြိုးစား၍ တိုက်လှန်စေခြင်းငှါ၊ နှိုးဆော် သွေးဆောင်၍ ရေးလိုက်ရသော အကြောင်းရှိ၏။
၁၅ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့် တကွ၊ ကြွလာတော်မူ လိမ့်မည်၊ ဟုပရောဖက်ပြု၍ ဟောပြောလေ၏။
၈ ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊
၁၇ ယောက်ျားကိုလည်း၊ ထိုအပင်၏ အသီးကိုမစားရ၊ ဟုငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကို နားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
၇ မီးပွားတို့သည် အထက်သို့ ပျံတတ်သည်နည်းတူ၊ လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဖွား၏။
sငါမူကား ဘုရားကို မြော်လင့်မည်
၁ လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့် အသက်တို၍ ဒုက္ခပြည့်စုံပါ၏။
၁၁ ထိုသို့နှိမ့်ချလျက်ရှိသော သူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာ စေတော်မူ၏။
၂၆ ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ နောက်တဖန်မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကိုနှိမ့်ချရမည်။
၁၂ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။
s ဖာရိရှဲတို့၏ပဌမ အမင်္ဂလာ
၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍၊ နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီ။
၁၁ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ ဟုမိန့်တော်မူ၏။
sကျေးဇူးမဆပ်နိုင်သူကိုခေါ်ဖိတ်ပါ
၁၄ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ ဟုမိန့်တော်မူ၏။
sသူငယ်ကဲ့သို့ခံယူ
၁၀ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
၁ ထို့နောက်၊ အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
၃ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
၁၁ တဖန် ဘုရားသခင်က၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
၁၄ ထိုသူသည် သင်တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော်။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်၊ ဟုသားတို့အား ဆိုသည်အတိုင်း၊
၃ ထိုအခါ ယာကုပ်က အနန္တတန်ခိုးရှင် ဘုရားသခင် (God Almighty, El Shaddai) သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
၂၅ သင့်ကို မစတော်မူသော သင့်အဘ၏ ဘုရားသခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း၊ ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသော အရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူပါစေသော်။
၃ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်ဘုရားသခင်နာမ (El Shaddai, God Almighty) နှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမ (YHWH, LORD) အားဖြင့် သူတို့သည် ငါ့ကိုမသိကြ။
၄ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကို မြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၁၆ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၂၁ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါကိုခေါ်ကြသနည်း၊ ဟုပြန်ပြော၏၊
၁၇ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင် မပြုပါနှင့်။
၇ သင်သည် ဘုရားသခင်၏ ဇာတိတော်ကိုစစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။
၂၅ အကြောင်းမူကား ထိုသူသည်ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တဘက်က နေ၍ ကိုယ်ကို ခိုင်ခံ့စေ၏။
၁၅ အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူ ဖြစ်၍ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကို ဆုတောင်းလျှင် အဘယ်ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
sမတရားသောသူတို့၌ ဖြစ်သောအရာ
၃ သင်၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည်ကျေးဇူး ရှိတော်မူသလော။ သင်၏ အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွား ရှိတော်မူသလော။
၁၇ အနန္တတန်ခိုးရှင်သည်ငါတို့အဘို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ ဆိုတတ်သော အဓမ္မလူတို့ လိုက်ဘူးသော လမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။
၂၃ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင်၊
၁၆ ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွှံ့စေခြင်း ငှါ၎င်း ပြုတော်မူ၏။
၁ အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင် တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
၂ ငါ့ကို အမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက် ရှင်တော်မူသည်မှန်လျှင်၊
၁၀ ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌနာ ပြုလိမ့်မည်လော။
၅ ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
၂ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း၊ ပေးတော်မူမည်နည်း။
၄ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှည်တော်မူပြီ။
၁၀ သို့ဖြစ်၍ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည်ဘုရားသခင်နှင့်၎င်း၊ အပြစ်သည်အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
၁၃ အကယ်စင်စစ် ဘုရားသခင်သည် အချဉ်းနှီးသော စကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။
၂၃ အနန္တတန်ခိုးရှင်ကိုငါတို့သည် စစ်၍မကုန်နိုင်ကြ၊ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။
၁ တဖန် ထာဝရဘုရားက အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက် ပြုဦးမည်လော။
၁ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည်၊ အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
၆ ထာဝရဘုရား၏ နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည် တမ်းကြလော့။ အနန္တတန်ခိုးရှင် စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။
၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့ မြည်သောသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏၊
၅ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။
၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။