၁ ထို့နောက်၊ အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
၃ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
၁၁ တဖန် ဘုရားသခင်က၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
၁၄ ထိုသူသည် သင်တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော်။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်၊ ဟုသားတို့အား ဆိုသည်အတိုင်း၊
၃ ထိုအခါ ယာကုပ်က အနန္တတန်ခိုးရှင် ဘုရားသခင် (God Almighty, El Shaddai) သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
၂၅ သင့်ကို မစတော်မူသော သင့်အဘ၏ ဘုရားသခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း၊ ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသော အရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူပါစေသော်။
၃ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်ဘုရားသခင်နာမ (El Shaddai, God Almighty) နှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမ (YHWH, LORD) အားဖြင့် သူတို့သည် ငါ့ကိုမသိကြ။
၄ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကို မြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၁၆ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၂၁ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါကိုခေါ်ကြသနည်း၊ ဟုပြန်ပြော၏၊
၁၇ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင် မပြုပါနှင့်။
၇ သင်သည် ဘုရားသခင်၏ ဇာတိတော်ကိုစစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။
၂၅ အကြောင်းမူကား ထိုသူသည်ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တဘက်က နေ၍ ကိုယ်ကို ခိုင်ခံ့စေ၏။
၁၅ အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူ ဖြစ်၍ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကို ဆုတောင်းလျှင် အဘယ်ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
sမတရားသောသူတို့၌ ဖြစ်သောအရာ
၃ သင်၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည်ကျေးဇူး ရှိတော်မူသလော။ သင်၏ အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွား ရှိတော်မူသလော။
၁၇ အနန္တတန်ခိုးရှင်သည်ငါတို့အဘို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ ဆိုတတ်သော အဓမ္မလူတို့ လိုက်ဘူးသော လမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။
၂၃ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင်၊
၁၆ ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွှံ့စေခြင်း ငှါ၎င်း ပြုတော်မူ၏။
၁ အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင် တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
၂ ငါ့ကို အမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက် ရှင်တော်မူသည်မှန်လျှင်၊
၁၀ ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌနာ ပြုလိမ့်မည်လော။
၅ ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
၂ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း၊ ပေးတော်မူမည်နည်း။
၄ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှည်တော်မူပြီ။
၁၀ သို့ဖြစ်၍ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည်ဘုရားသခင်နှင့်၎င်း၊ အပြစ်သည်အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
၁၃ အကယ်စင်စစ် ဘုရားသခင်သည် အချဉ်းနှီးသော စကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။
၂၃ အနန္တတန်ခိုးရှင်ကိုငါတို့သည် စစ်၍မကုန်နိုင်ကြ၊ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။
၁ တဖန် ထာဝရဘုရားက အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက် ပြုဦးမည်လော။
၁ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည်၊ အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
၆ ထာဝရဘုရား၏ နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည် တမ်းကြလော့။ အနန္တတန်ခိုးရှင် စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။
၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့ မြည်သောသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏၊
၅ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။
၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
၇ ကိုယ်တော်တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုး အာနုဘော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
၂၄ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုး အာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။
၂ သင်၏ ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံး ဆန့်တော်မူခြင်းကို၎င်း၊
၃ ငါသည် ထာဝရဘုရား၏ နာမတော်ကို ဖော်ပြသည် ဖြစ်၍၊ ငါတို့ ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ချီးမွမ်းကြလော့။
၂၇ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်း အကြောင်းလည်း နေတော်မူရာ၌ ရှိ၏။
sထာ၀ရဘုရား ဘုန်းတန်ခိုး အစွမ်းသတ္တိရှိသည်၊ ဟုဝန်ခံကြလော့
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတံခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော်မူ၏။
၄ ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တရာ ရှစ်ဆယ်ပတ်လုံးပြတော်မူ၏။
၁၁ သင်တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။
၂၃ ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲ နေပါပြီ။
၄ လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့် မိုးချုန်းတော်မူ၏ အသံတော်မြည်သောအခါ မိုးသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ။
၁၀ ထူးဆန်းသော ဘုန်းတန်ခိုး အာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသေရေနှင့် တန်ဆာဆင်လော့။
၁ အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းအာနုဘော် တော်သည်၊ မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
၅ ကယ်တင် တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုး အာနုဘော်ကိုခံရပါ၏။
၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။
၂ ဘုန်းတန်ခိုး အာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာ ဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
၁ ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။
၆ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။
sထာ၀ရဘုရားကို ဝန်ခံကြလော့
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သည် အလွန်ကြီး မြတ်တော်မူ၏။ ဘုန်းတန်ခိုး အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆိုပါ၏။
၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
၃ ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသော ဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏ သူရဲတို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါပြီ။
၂ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ ဘုရားသခင်၏ တန်ခိုး အာနုဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
၁၈ အချင်းလူသား၊ အဲဂုတ္တုပြည်သား အလုံးအရင်းအတွက် မြည်တမ်းခြင်းကိုပြုလော့။ မြေတွင်းထဲသို့ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့တိုင်အောင်၊ ကျော်စောသော လူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချလျက်မြွက်ဆိုရမည်မှာ၊
၃၇ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည်၊ နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
၃၀ ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော၊ ဟုမြွက်ဆို၏။
၄ ထိုသခင်သည်ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင် အောင်အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။
၄ အဆင်းအရောင်တော်သည်နေရောင်ကဲ့သို့ဖြစ်၏။ လက်တော်မှရောင်ခြည်သည်ထွက်၍၊ ဘုန်းအာနုဘော်တော်ကိုကွယ်ကာလေ၏။
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်၊ ဟုဆုတောင်းကြလော့။
s အပြစ်ကိုလွှတ်ခြင်း
၂၇ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။
၃၀ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည်၊ ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။
၃၁ လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ၊ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊
၃၈ နောက်မီးလင်းသော%fo(c) ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်း ရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတံ့။
%ln
၂၆ ထိုအခါလူသားသည်၊ ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။
၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်သင်၏အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည်၊ သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့်၊ ထိုသန့်ရှင်းသောသားသည်လည်း၊ ဘုရားသခင်၏သားတော်၊ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
sမာရိဧလိရှဗက်ထံသွား
၆ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသော သူအား ပေးရသည် ဖြစ်၍၊ ကိုယ်တော်အား ပေးပါမည်။
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
၄၀ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လော၊ ဟုမိန့်တော်မူ၏။
sလာဇရုကိုထမြောက်စေ
၄၁ ဟေရှာယသည် ဘုန်းအာနုဘော်ကိုမြင်၍၊ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။
၄ ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့်၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း ဆိုင်ကြ၏။
၇ ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည်ကြောင့်၊ ဣသရေလ အမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည် တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည်၊ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊
၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍၊ ခရစ်တော်၌ ပြုပြင်သော၊ မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
၁၉ ငါ၏ဘုရားသခင်သည်၊ ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို၊ ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
၁၇ လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသော ဘုရားသခင်သည်၊ ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ရှိတော်မူစေသတည်း။ အာမင်။
sတိမောသေကို ကောင်းသောစစ်တိုက်ဖို့ထား
၁၆ ထိုယဇ်ပုရောဟိတ်သည်၊ ကိုယ်ခန္ဓာနှင့်စပ်ဆိုင်သော တရားအတိုင်း၊ ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း၊ ခန့်ထားလျက်ရှိသတည်း။
၁ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လကျ်ာဘက်မှာ ထိုင်နေတော်မူ၏။
၆ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသောအရာသည် သာ၍မြတ်သည်နှင့်၊ %fo(a) ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။
၂၅ ငါတို့ကို ကယ်တင်တော် မူသောအရှင်၊ တဆူတည်းသော ဘုရားသခင်သည်၊ ငါတို့ သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက် ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့်၊ အစွမ်းသတ္တိ အာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
s ရှင်ယုဒဩဝါဒစာပြီး၏။
၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏။ ဟုကြီးသောအသံနှင့် ပြောဆိုကြ၏။
၈ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍၊ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင်၊ ဗိမာန်တော်ထဲသို့ အဘယ်သူမျှမဝင်နိုင်။
_________________________
Footnotes