၁၁ မောရှေကလည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
၃၈ သင်တို့ထက် အားကြီး၍ များပြားသော လူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌ နှုတ်ဆောင်တော်မှုပြီ။
၂၉ ဤလူတို့သည်ကား၊ မဟာ တန်ခိုးတော်နှင့် လက်ရုံးတော်ကိုဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူ ဖြစ်ကြပါသည်၊ ဟုငါသည်ဆုတောင်းလေ၏။
၁၁ အံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြု၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန် ကြောက်မက်ဘွယ်သော အမှုအရာ အပေါင်းတို့ကို ပြလေရာတွင်၊
၁၀ ယခုမှာ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်နက်တော်ဖြင့် ရွေးနှုတ်သော ကိုယ်တော်ကျွန်၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ၏။
၃၂ သို့ဖြစ်၍၊ အိုအကျွန်ုပ်တို့၏ ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာ ပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင် လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့ အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
၆ မဟာတန်ခိုးအားဖြင့် ငါနှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။
၈ သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ၊ နာမတော်၏ အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
၅ ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက်၊ မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း၊ ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
၁၇ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကို ဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၄၃ လူအပေါင်းတို့သည် ဘုရားသခင်၏၊ မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။
sအဘယ်သူသာ၍ကြီးမြတ်သနည်း
၁၀ လူကြီး လူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်၊ ဟုဆိုလျက်၊ ထိုသူ၌ ဆည်းကပ်ကြ၏။
၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍၊ ခရစ်တော်၌ ပြုပြင်သော၊ မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
၁၁ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသော သားရဲသည်၊ ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်းဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။
၁ ထို့နောက်၊ အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
၃ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
၁၁ တဖန် ဘုရားသခင်က၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
၁၄ ထိုသူသည် သင်တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော်။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်၊ ဟုသားတို့အား ဆိုသည်အတိုင်း၊
၃ ထိုအခါ ယာကုပ်က အနန္တတန်ခိုးရှင် ဘုရားသခင် (God Almighty, El Shaddai) သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
၂၅ သင့်ကို မစတော်မူသော သင့်အဘ၏ ဘုရားသခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း၊ ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသော အရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူပါစေသော်။
၃ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်ဘုရားသခင်နာမ (El Shaddai, God Almighty) နှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမ (YHWH, LORD) အားဖြင့် သူတို့သည် ငါ့ကိုမသိကြ။
၄ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကို မြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၁၆ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူသော ဥာဏ်ကိုရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
၂၁ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါကိုခေါ်ကြသနည်း၊ ဟုပြန်ပြော၏၊
၁၇ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင် မပြုပါနှင့်။
၇ သင်သည် ဘုရားသခင်၏ ဇာတိတော်ကိုစစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။
၂၅ အကြောင်းမူကား ထိုသူသည်ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တဘက်က နေ၍ ကိုယ်ကို ခိုင်ခံ့စေ၏။
၁၅ အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူ ဖြစ်၍ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကို ဆုတောင်းလျှင် အဘယ်ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
sမတရားသောသူတို့၌ ဖြစ်သောအရာ
၃ သင်၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည်ကျေးဇူး ရှိတော်မူသလော။ သင်၏ အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွား ရှိတော်မူသလော။
၁၇ အနန္တတန်ခိုးရှင်သည်ငါတို့အဘို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ ဆိုတတ်သော အဓမ္မလူတို့ လိုက်ဘူးသော လမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော။
၂၃ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင်၊
၁၆ ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွှံ့စေခြင်း ငှါ၎င်း ပြုတော်မူ၏။
၁ အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သောသူတို့သည် တရားစီရင် တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း။
၂ ငါ့ကို အမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက် ရှင်တော်မူသည်မှန်လျှင်၊
၁၀ ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌနာ ပြုလိမ့်မည်လော။
၅ ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
၂ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း၊ ပေးတော်မူမည်နည်း။
၄ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှည်တော်မူပြီ။
၁၀ သို့ဖြစ်၍ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည်ဘုရားသခင်နှင့်၎င်း၊ အပြစ်သည်အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
၁၃ အကယ်စင်စစ် ဘုရားသခင်သည် အချဉ်းနှီးသော စကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။
၂၃ အနန္တတန်ခိုးရှင်ကိုငါတို့သည် စစ်၍မကုန်နိုင်ကြ၊ အစွမ်း သတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။
၁ တဖန် ထာဝရဘုရားက အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက် ပြုဦးမည်လော။
၁ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည်၊ အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
၆ ထာဝရဘုရား၏ နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည် တမ်းကြလော့။ အနန္တတန်ခိုးရှင် စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။
၂၄ သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့ မြည်သောသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏၊
၅ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကို ကြားရ၏။
၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။