၁၃ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍၊ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက်မှီတိုင်အောင်၊ သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။
၃ တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။%fo(a) သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်း ဖြစ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၆ မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်း သည် ငါကို ကျော့မိလျက်ရှိ၏။
၈ ပိုက်ထဲသို့ အလိုလို ဝင်တတ်၏။ ကျော့ကွင်း ပေါ်မှာ နင်းတတ်၏။
၆ ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
၁၀ ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ။ ထိတ်လန့်သော စိတ်နှင့် ပင်ပန်းရ၏။
၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
၅ မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက်ရှိ၏။
၁၅ အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ် မြော်လင့်လျက်နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။
၄ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲက အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။
၇ အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ် အသက်ကို သတ်စရာဘို့ တွင်းကိုတူးကြပါပြီ။
၁၂ ငါပြုသော ကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်း တည်းဟူသော မကောင်းသော အရာကို ဆပ်ပေးကြ၏။
၆ သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြပြီ။
၅ မကောင်းသော အမှုမှာ တယောက်ကို တယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထားခြင်းငှါ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်း၊ ဟုဆိုတတ်ကြ၏။
၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ။
၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက်သော်၎င်း ဖြစ်ပါစေ။
၃ အကယ်စင် စစ်မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သော အနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
၃၆ သူတို့၏ ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ။
၇ ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ်သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။
၅ မာနကြီးသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြပါ၏။
၉ အကျွန်ုပ်၏ အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။ အကျွန်ုပ်အဖို့ ထောင်ထားကြသော ကျော့ကွင်းများကို၎င်း၊ ဒုစရိုက်ပြုသောသူတို့၏ ညွှတ်ကွင်းမှ၎င်း၊ အကျွန်ုပ်ကို လွှတ်စေတော်မူပါ။ ၁၀ ထိုသို့ အကျွန်ုပ်သည် လွန်သွားသောအခါ မတရားသော သူအပေါင်းတို့သည် မိမိကျော့ကွင်းထဲသို့ ကျကြပါစေသော်။
၃ အကျွန်ုပ်သည် စိတ်ပျက်လျက် ရှိသောအခါ အကျွန်ုပ် သွားသောလမ်းကို ကိုယ်တော် သိတော်မူ၏။ အကျွန်ုပ် သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
၂၂ နွားသည် အသေခံရာသို့လိုက်သကဲ့ သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင်မှန်းကို မရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊
၁၂ မတရားသောသူသည်လူဆိုးသုံးတတ်သောကျော့ကွင်းကိုအလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။
၁၄ ပညာရှိသောသူ၏ တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။
၂၇ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည်အသေခံရာကျော့ကွင်းတို့မှလွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။
၂၅ ဘုရားအမှု၌ စကားလွန်မိသောသူသစ္စာဂတိထားပြီးမှမေးမြန်းသောသူသည်ကျော့ကွင်းနှင့် တွေ့မိပြီ။
၆ မုသာစကားအားဖြင့်ဘဏ္ဍာကိုဆည်းဖူးခြင်းအမှုသည်၊ သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သောအနတ္တဖြစ်၏။
၅ သဘောကောက်သောလူသွားရာလမ်း၌ ဆူးပင်များနှင့်ကျော့ကွင်းများရှိတတ်၏။ မိမိစိတ် ဝိညာဉ်ကိုစောင့်ရှောက်သောသူမူကားဝေးစွာရှောင်သွားလိမ့်မည်။
၆ အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာသီချင်းဆိုတတ်၏။
၂၅ လူကိုကြောက် ရွံ့ခြင်းသဘောသည်ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားခိုလှုံသောသူမူကားလုံခြုံလိမ့်မည်။
၂၆ ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင် ဆင်၍ ကြိုးနှင့် ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက်သာ၍ ခါးသည်ကိုငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့တော်မူသော လူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။
၁၂ လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန် အုပ်မိသောငါးကဲ့ သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ ရောက်၍ ကျော့မိတတ်ကြ၏။
၁၄ ထိုသို့ပြုလျှင် ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလ လူနှစ်မျိုးတို့ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
၁၇ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သော အရာမြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။
၂၀ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဖမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။
၉ ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။
sမတရားစီးပွားရှာကြ
၂၂ စစ်တိုက်သောရန်သူများကိုသူတို့ရှိရာသို့ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများအော်ဟစ်ကြပါစေ သော။ အကြောင်းမူကား၊ အကျွန်ုပ်ကိုထောင်ခြင်းငှါ၊ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကိုဝှက်ထားကြပါပြီ။
၄၃ အိုမောဘအမျိုးသား၊ သင်သည်ကြောက်လန့်ဖွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ရောက်လေပြီ။
၂၄ အိုဗာဗုလုန်မြို့၊ သင့်အဘို့ ကျော့ကွင်းကို ငါထောင် ထားသဖြင့်၊ သင်သည် သတိလစ်၍ ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့် ရန်သူတွေ့၍ တိုက်ယူပြီ။
၁၃ အထက်မှမီးကို ငါ့အရိုးထဲသို့ လွှတ်လိုက်၍ကြေမွစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကို ပြန်စေတော်မူပြီ။ တနေ့လုံးညိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ ဖြစ်စေတော်မူ၏။
၁၃ ထိုမင်းကိုလည်းငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်းမြို့ကိုမမြင်ရ။
၂၀ ငါသည်ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့်ကျော့ပြီလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။
၁ အိုယဇ်ပုရောဟိတ်တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အိုနန်းတော်သားတို့၊ မှတ်မိကြလော့။ သင်တို့သည်စစ်ကြောစီရင်ခြင်းကိုခံရကြမည်။ အကြောင်းမူကား၊ သင်တို့သည်မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သောပိုက်ဖြစ်ပြီ။
၈ ဧဖရိမ်ကင်းစောင့် သည်မိမိဘုရားဘက်မှာနေ၏။ ပရောဖက်သည်ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်းဖြစ်၏။ သူ၏ဘုရားအိမ်တွင်ဘေးပြုသောသူဖြစ်၏။
၅ မြေပေါ်မှာ ကျော့ကွင်းနှင့် မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီ ထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
sထာ၀ရဘုရားသည် မိမိကျွန်အား မဖေါ်ပြဘဲအမှုမစီရင်
၇ သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သောသူတို့သည် သင့်ကိုလှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက်သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင်ထားကြပြီ။ သင်၏ ဥာဏ်ပညာကုန်ပြီ။
၂ ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက်ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။
၉ ဒါဝိဒ်၏ စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင်ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။