၁၇ ယောက်ျားကိုလည်း၊ ထိုအပင်၏ အသီးကိုမစားရ၊ ဟုငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကို နားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
၇ မီးပွားတို့သည် အထက်သို့ ပျံတတ်သည်နည်းတူ၊ လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဖွား၏။
sငါမူကား ဘုရားကို မြော်လင့်မည်
၁ လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့် အသက်တို၍ ဒုက္ခပြည့်စုံပါ၏။
၉ ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။
၂ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ရွေ့သွားတတ်ပါ၏။
၁၁ အကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ် ညှိုးနွမ်းပါ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူသည်လယ်ပြင်၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၂၃ ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ် ရွေ့သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏။
၄ လူသည် အငွေ့နှင့်တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။
၆ တဖန် ထိုအသံက၊ ဟစ်ကြော်လော့၊ ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်း၊ ဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။
၂၄ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။