-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၉


ဣသရေလ အမျိုးသားတို့ အစာရှောင်

ထိုလနှစ်ဆယ်လေးရက်နေ့တွင် ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကိုတင်လျက် စည်းဝေးကြ၏။ ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သော သူတို့သည် တပါးအမျိုးသား ရှိသမျှတို့နှင့်ကွာ၍၊ ကိုယ်အပြစ်နှင့် ဘိုးဘေးတို့၏ အပြစ်များကို ဖေါ်ပြ တောင်းပန်ကြ၏။ မိမိတို့နေရာ၌ ရပ်နေ၍ မိမိတို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဖတ်ကြ၏။ အပြစ်ကို ဖေါ်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစု ကိုးကွယ်ကြ၏။


လေဝိသားတို့က ထာ၀ရဘုရားကို ချီးမွမ်းကြ

ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင်ပေါ်မှရပ်၍ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။ တဖန် လေဝိသား ယောရှုကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာ ရှိတော်မူစေသတည်း၊ ဟုကောင်းကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက်ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။ ကိုယ်တော်သာလျှင်၊ ထာဝရဘုရား ဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်​ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့် ပင်လယ်၌ ပါသမျှတို့ကို၎င်း၊ ပင်လယ်အလုံးစုံတို့ကို စောင့်မတော်မူ၏။ ကောင်းကင် ဗိုလ်​ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။


အာဗြဟံကို ဂတိတော်အတိုင်းမြေပေး

အိုထာဝဘုရား အရှင်ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူ သောအမည်ကို ပေးတော်မူ၏။ ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံ အမျိုးအနွယ်အား ငါပေးမည်၊ ဟုဝန်ခံသည်အတိုင်း သစ္စာတော် မပျက်ပြုတော်မူ၏။


ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့
CROSS REFERENCES






အဲဂုတ္တုပြည်၌ အ​ကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသော ညှဉ်းဆဲခြင်းကိုမြင်၍၊ ပင်လယ်နီနားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။ ၁၀ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အ​ကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာ ပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခာဏာနှင့် အံ့ဘွယ်သော အမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက် ရှိပါ၏။ ၁၁ သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ခွဲတော်မူ၏။ ညှဉ်းဆဲသောသူတို့ကိုကား၊ နက်သော ရေထဲသို့ ကျောက်ကို ပစ်သကဲ့သို့ ပစ်တော်မူ၏။ ၁၂ ထိုမှတပါး၊ နေ့အချိန်၌ မိုးတိမ်တိုင်အားဖြင့်၎င်း၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။ ၁၃ ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုးကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်​ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။ ၁၄ သန့်ရှင်းသော ဥပုသ်နေ့ရက်တော် [A] ကို ဖေါ်ပြ၍၊ ကိုယ်တော် ​ကျွန်မောရှေအားဖြင့် နည်းနာ ဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။ ၁၅ သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေခြင်းငှါ မိုးကောင်းကင်မုန့်နှင့် ကျောက်ထဲက ထုတ်သောရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။


ဘုရားကို ဆန့်ကျင်သော်လည်း မစွန့်ခဲ့

၁၆ သို့ရာတွင် အ​ကျွန်ုပ်တို့ ဘိုးဘေးတို့သည် မာနထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။ ၁၇ သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သော အမှုတို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ​ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကို ချီးမြှောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ကို ​ဖြေတတ်သောဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရား ဖြစ်တော်မူသောကြောင့်၊ သူတို့ကို စွန့်ပစ်တော်မမူ။


နွားသငယ်အရုပ်ကို ဘုရား လုပ်သော်လည်းမစွန့်

၁၈ ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ဘုရား ဖြစ်တော်မူ၏၊ ဟုဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊ ၁၉ ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌ သူတို့ကို စွန့်ပစ်တော်မမူ။ နေ့အချိန်၌ လမ်းပြသော မိုးတိမ်တိုင် မပျောက်၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်းမကွယ်။ ၂၀ သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ်တော်၏မန္နကို ရုပ်သိမ်းတော်မမူ။ သူတို့အား အငတ်ပြေစေခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။ ၂၁ အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့​ခြေသည်လည်း မပွန်းမရောင်ရ။


ဂတိပေးခဲ့သော ပြည်သို့ပို့ဆောင်
CROSS REFERENCES






၂၂ နောက်မှ တပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင် ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသော ပြည်တို့ကို သိမ်းယူကြ၏။၂၃ သူတို့ သားမြေးတို့ကို မိုးကောင်းကင် ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့ သွင်းတော်မူသဖြင့်၊ ၂၄ သားမြေးတို့သည် ဝင်၍ သိမ်းယူကြ၏။ သူတို့ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင် အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။ [B] ၂၅ ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်းသောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီးသော အပင်တို့ကို သိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍၊ ကျေးဇူးတော် ကြွယ်ဝခြင်း၌ မွေ့လျော်ကြ၏။


ပုန်ကန်၍ ဒုက္ခခံစေ၍ ပြန်ကယ်တင်ပြန်

၂၆ သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကုန်လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ပြန် လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော်၏ ပရောဖက်တို့ကို သတ်၍၊ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။ ၂၇ ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော သူလက်သို့ အပ်လိုက်တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ ၂၈ တဖန် ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုပြင်ကြသောကြောင့်၊ ရန်သူ အစိုးရမည်အကြောင်း တဖန် အပ်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာတော် ရှိသည်အတိုင်း အထပ်ထပ် ကယ်တင်တော်မူ၏။ ၂၉ တရားတော်ကို ကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူသော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှားကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက် နားမထောင်ဘဲ နေကြ၏။ ၃၀ နှစ်ပေါင်းများစွာ သူတို့ကို သည်းခံ၍၊ ကိုယ်တော်၏ ပရောဖက်တို့၌ ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း၊ သူတို့သည် နားမထောင်သောကြောင့်၊ ဤပြည်သူ ပြည်သားတို့ လက်သို့ အပ်တော်မူ၏။ ၃၁ သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာ ကရုဏာတော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်း ဖျက်ဆီးတော်မမူ။ စွန့်ပစ်တော်မမူ။


အပြစ်များဝန်ခံ၍ တောင်းပန်ကြ
CROSS REFERENCES






၃၂ သို့ဖြစ်၍၊ အိုအ​ကျွန်ုပ်တို့၏ ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် [C] ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာ ပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင် လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အ​ကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့ အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။ ၃၃ ကိုယ်တော်မူကား၊ အ​ကျွန်ုပ်တို့ အပေါ်သို့ ရောက်စေသမျှသော အမှု၌ တရားတော်မူ၏။ အ​ကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရားသဖြင့် စီရင်တော်မူပြီ။ ၃၄ အ​ကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ယဇ်ပုရောဟိတ်၊ အဆွေအမျိုး သူကြီးတို့သည် တရားတော်ကို မစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက်များတို့ကို နားမထောင်ကြ။ ၃၅ ကြီးသော ကျေးဇူးကို ပြုလျက်၊ အပ်ပေးတော်မူ၍၊ သူတို့ ပိုင်သောနိုင်ငံ၊ သနားတော်မူသော ပြည်ကြီး ပြည်ကောင်း၌ နေရသော်လည်း၊ အမှုတော်ကို မဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲ နေကြပါ၏။ ၃၆ ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံကို စားရသောအခွင့်နှင့်၊ သူတို့အား ပေးသနားတော်မူသော ပြည်၌ အ​ကျွန်ုပ်တို့သည် ယနေ့အစေခံ​ကျွန် ဖြစ်ကြပါ၏။ သူ့​ကျွန် ခံရကြပါ၏။ ၃၇ အ​ကျွန်ုပ်တို့ အပြစ်ကြောင့်၊ အ​ကျွန်ုပ်တို့အပေါ်မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည်၊ ဤပြည်၌ ကြွယ်ဝစွာ ဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အ​ကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အ​ကျွန်ုပ်တို့သည် အလွန်ဆင်းရဲ ခံလျက် နေရပါသည်၊ ဟုမြွက်ဆိုကြ၏။ ၃၈ ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင်ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.