-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၈


ကျမ်းတတ်ဧဇရက ကျမ်းစာဖတ်

သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလလူ အမျိုးသား လူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလ အမျိုး၌ ထာဝရဘုရား၊ ထားတော်မူသော မောရှေ ပညတ္တိကျမ်းစာကို ကျမ်းတတ်ဆရာ ဧဇရကို တောင်းသည်အတိုင်း၊ နားထောင် နားလည်နိုင်သမျှသော ပရိသတ် ယောက်ျားမိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့၍၊ နားလည်နိုင်သောသူ၊ ယောက်ျား မိန်းမတို့ရှေ့မှာ၊ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။ သူတို့လုပ်ကြသော တရားဟောရာ သစ်သားပလ္လင်ပေါ်မှာ ကျမ်းတတ်ဆရာ ဧဇရသည်ရပ်၍ မတ္တိသိ၊ ရှေမ၊ နာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌၎င်း၊ ရပ်နေကြ၏။ ထိုသို့ဧဇရသည် လူအပေါင်းတို့ထက် သာ၍မြင့်လျက်၊ လူအပေါင်းတို့ ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။ ဧဇရသည် မြတ်စွာ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်၊ ဟုလက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။ ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗက်၊ ဟာနန်၊ ပေလာယအစရှိသော၊ လေဝိသားတို့သည်လည်း၊ လူများတို့အား ပညတ္တိကျမ်းစာ အနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။ ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှာ ပြုကြ၏။


ဤနေ့ရက်သည် ဝမ်းမြောက်မည့် နေ့ရက်ဖြစ်၏

လူအပေါင်းတို့သည် ပညတ္တိကျမ်း စကားကို ကြားသောအခါ၊ ငိုကြွေး ကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဖို့၊ သန့်ရှင်းသော နေ့ရက်ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မပြုကြနှင့်။ ၁၀ သွားကြလော့။ မြိန်စွာသော အစာကို စားကြလော့။ ချိုသော အရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်ဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရား ပေးတော်မူသော အခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့၊ ဟုလူအပေါင်းတို့အား ဆိုကြ၏။ ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့်၊ တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းမနည်းကြနှင့်၊ ဟုဆို၍၊ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။ ၁၂ လူအပေါင်းတို့သည် ဟောပြောသော စကားတို့ကို နားလည်သောကြောင့် စားသောက်ခြင်း၊ သူတပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။


တဲပွဲကျင်းပကြ
CROSS REFERENCES





CROSS REFERENCES






၁၃ ဒုတိယနေ့ရက်တွင် အဆွေအမျိုး သူကြီးများတို့နှင့်တကွ၊ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှာ၊ ကျမ်းတတ်ဆရာ ဧဇရထံ၌ စည်းဝေးကြ၏။ ၁၄ သတ္တမလပွဲကို ခံကြစဉ်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်၊ ဟုမောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော၊ ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။ ၁၅ ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း၊ သစ်ခက်တဲတို့ကို လုပ်ခြင်းငှာ၊ တောင်သို့သွားကြ။ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက် အစရှိသော ထူထပ်သော အခက်အလက် မျိုးတို့ကို ဆောင်ခဲ့ကြ၊ [B]ဟုယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။ ၁၆ လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ ဗိမာန်တော် တံခါးထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ် တံခါးလမ်းမှာ၎င်း၊ သစ်ခက်တဲများကို လုပ်ကြ၏။ ၁၇ ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲက၊ ထွက်လာသော ပရိသတ် အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ်၍၊ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသရေလ အမျိုးတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန်ဝမ်းမြောက်လျက် နေကြ၏။ ၁၈ ပဌမနေ့မှစ၍ နောက်ဆုံးသော နေ့တိုင်အောင် နေ့ရက်အစဉ်အတိုင်း ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဖတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း [C]ဓမ္မပွဲကိုလည်း ခံကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.