-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၇


အဆွေအမျိုးအလိုက် စာရင်းယူ
CROSS REFERENCES





CROSS REFERENCES






မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါးတို့ကို ထူထောင်၍၊ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသားတို့ကို ခန့်ထားပြီးမှ၊ သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေသော ရဲတိုက်မှူး ဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရုရှလင်မြို့ကို အပ်လျက်၊ နေမထွက်မှီ ယေရုရှလင်မြို့တံခါးကို မဖွင့်စေနှင့်၊ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကိုပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့ အိမ်တဘက်တချက်၌ ကင်းစောင့်စေ၊ [A] ဟုစီရင်၏။ အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော်လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည်မဆောက်ကြသေး။ ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှာ စုဝေးစေမည်အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။ တဖန်ငါတွေ့သော စာရင်းတည်းဟူသော ရှေ့ဦးစွာ ရောက်လာသော သူတို့၏ အဆွေအမျိုး စာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခပ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသောလူစုထဲက ထွက်၍ ဇေရုဗဗေလ၊ [B] ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီး ဆိုင်သော မြို့ရွာသို့ ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူ စာရင်းဟူမူကား၊ ပါရုတ်အမျိုးသား နှစ်ထောင် တရာခုနစ်ဆယ့် နှစ်ယောက်၊ ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ့် နှစ်ယောက်၊ ၁၀ အာရာအမျိုးသား ​ခြောက်ရာ ငါးဆယ်နှစ်ယောက်၊ ၁၁ ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုးသား နှစ်ထောင် ရှစ်ရာ တဆယ့် ရှစ်ယောက်၊ ၁၂ ဧလံအမျိုးသား တထောင် နှစ်ရာ ငါးဆယ့် လေးယောက်၊ ၁၃ ဇတ္တုအမျိုးသား ရှစ်ရာ လေးဆယ့် ငါးယောက်၊ ၁၄ ဇက္ခဲအမျိုးသား ခုနစ်ရာ​ခြောက်ဆယ်၊ ၁၅ ဗိနွိအမျိုးသား​ ခြောက်ရာ လေးဆယ့် ရှစ်ယောက်၊ ၁၆ ဗေဗဲအမျိုးသား ​ခြောက်ရာ နှစ်ဆယ့် သုံးယောက်၊ ၁၇ အာဇဂဒ်အမျိုးသား တထောင် သုံးရာနှစ်ဆယ့် နှစ်ယောက်၊ ၁၈ အဒေါနိကံအမျိုးသား ခြောက်ရာ​ ခြောက်ဆယ့် ခုနစ်ယောက်၊ ၁၉ ဗိဂဝဲအမျိုးသား နှစ်ထောင် ငါးဆယ့် ခုနစ်ယောက်၊ ၂၀ အာဒိန်အမျိုးသား ​ခြောက်ရာ ငါးဆယ့် ငါးယောက်၊ ၂၁ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ့် ရှစ်ယောက်၊ ၂၂ ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ့် ရှစ်ယောက်၊ ၂၃ ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ့် လေးယောက်၊ ၂၄ ဟာရိပ်အမျိုးသား တရာတဆယ့် နှစ်ယောက်၊ ၂၅ ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊ ၂၆ ဗက်လင်မြို့၊ နေတောဖမြို့သား တရာရှစ်ဆယ့် ရှစ်ယောက်၊ ၂၇ အာနသုတ်မြို့သား တရာနှစ်ဆယ့် ရှစ်ယောက်၊ ၂၈ ဗေသာဇမာဝမြို့သား လေးဆယ့် နှစ်ယောက်၊ ၂၉ ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ့် သုံးယောက်၊ ၃၀ ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာ နှစ်ဆယ့် တယောက်၊ ၃၁ မိတ်မတ်မြို့သား တရာ နှစ်ဆယ့် နှစ်ယောက်၊ ၃၂ ဗေသလမြို့၊ အာဣမြို့သား တရာနှစ်ဆယ့် သုံးယောက်၊ ၃၃ အခြားသော နေဗောမြို့သား ငါးဆယ့် နှစ်ယောက်၊ ၃၄ အခြားသော ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ့် လေးယောက်၊ ၃၅ ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊ ၃၆ ယေရိခေါမြို့သား သုံးရာ လေးဆယ့် ငါးယောက်၊ ၃၇ လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ့် တယောက်၊ ၃၈ သေနာမြို့သား သုံးထောင် ကိုးရာ့သုံးဆယ်တည်း။ ၃၉ ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှုအမျိုးထဲက ယေဒါယအမျိုးသား ကိုးရာ ခုနစ်ဆယ့် သုံးယောက်၊ ၄၀ ဣမေရအမျိုးသား တထောင် ငါးဆယ်နှစ်ယောက်၊ ၄၁ ပါရှုရအမျိုးသား တထောင် နှစ်ရာ လေးဆယ့် ခုနစ်ယောက်၊ ၄၂ ဟာရိမ်အမျိုးသား တထောင် တဆယ့် ခုနစ်ယောက်တည်း။ ၄၃ လေဝိသား စာရင်းဟူမူကား၊ ဟောဒေဝအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ့် လေးယောက်၊ ၄၄ သီချင်းသည်၊ အာသပ်အမျိုးသား တရာ လေးဆယ့် ရှစ်ယောက်၊ ၄၅ တံခါးစောင့် ရှလုံအမျိုးသား၊ အာတအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ့် ရှစ်ယောက်တည်း။ ၄၆ ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊ ၄၇ ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန်အမျိုးသား၊ ၄၈ လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲအမျိုးသား၊ ၄၉ ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ၅၀ ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ၅၁ ဂဇမ်အမျိုးသား၊ ​သြေဇအမျိုးသား၊ ပါသာအမျိုးသား၊ ၅၂ ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ်အမျိုးသား၊ ၅၃ ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊ ၅၄ ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊ ၅၅ ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမအမျိုးသား၊ ၅၆ နေဇိအမျိုးသား၊ ဟာတိဖအမျိုးသားတည်း။ ၅၇ ရှောလမုန်၏ အစေခံ​ကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား၊ ၅၈ ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ၅၉ ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသားတည်း။ ၆၀ ဘုရား​ကျွန်နှင့် ရှောလမုန်၏ကျွန် ပေါင်းကား၊ သုံးရာ ကိုးဆယ့် နှစ်ယောက်တည်း။

၆၁ ထိုမှတပါး၊ ဣသရေလ အမျိုးမှန်သည် မမှန်သည်ကို၎င်း၊ မိမိတို့ အဆွေအမျိုးကို၎င်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောဟူမူကား၊ ၆၂ ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသား၊ ပေါင်း​ခြောက်ရာ လေးဆယ် နှစ်ယောက်တည်း။ ၆၃ ယဇ်ပုရောဟိတ် အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲသမီး တယောက်နှင့် စုံဘက်၍၊ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊ ၆၄ စာရင်းဝင်သော လူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။ ၆၅ ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မှီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသော အရာတို့ကို မစားရ၊ ဟုပြည်အုပ်မင်းစီရင်၏။ ၆၆ ပရိသတ်အပေါင်းကား၊ လေးသောင်း နှစ်ထောင် သုံးရာ့ခြောက်ဆယ်တည်း။ ၆၇ ထိုမှတပါး၊ ​ကျွန်ယောက်ျား၊ ​ကျွန်မိန်းမပေါင်း ခုနစ်ထောင် သုံးရာ သုံးဆယ့် ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်း နှစ်ရာလေးဆယ် ငါးယောက်၊ ၆၈ မြင်းပေါင်းခုနစ်ရာ သုံးဆယ်​ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ့် ငါးစီး၊ ၆၉ ကုလားအုပ်ပေါင်း လေးရာသုံးဆယ့် ငါးစီး၊ မြင်းပေါင်း​ ခြောက်ထောင် ခုနစ်ရာ့ နှစ်ဆယ်တည်း။ ၇၀ အဆွေအမျိုး သူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း၊ ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာ့သုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။ ၇၁ အဆွေအမျိုး သူကြီးသွင်းသော ရွှေငွေအပေါင်းကား ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း နှစ်ထောင်တည်း။ ၇၂ ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံ ခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။ ၇၃ ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သား အပေါင်းတို့သည်၊ မိမိတို့နေရာ မြို့ရွာတို့၌ နေရာကျကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.