-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၆


နေဟမိကို ရန်သူများက ချိန်းသော်လည်းမသွား

ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊ သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့၊ ဟုမကောင်းသောအကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။ ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပျက်ရမည်နည်း၊ ဟုတမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။ ထိုသို့ လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ ပြန်ပြော၏။ နောက် ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင်ကဲ့သို့ မိမိ​ကျွန်ကို စေလွှတ်၍၊ ​ကျွန်တွင် တံဆိတ်မခတ်သော စာပါ၏။ စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်၊ ဟုလူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင်သည် ယုဒရှင်ဘုရင် ဖြစ်လိုသောငှါ၊ မြို့ရိုးကိုတည်၏။ ယုဒပြည်၌ ရှင်ဘုရင်ရှိသည်၊ ဟုသင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အား ကြားလျှောက်ရမည်။ သို့ဖြစ်၍လာပါ။ တိုင်ပင်ကြကုန်အံ့၊ ဟုစာ၌ ပါသတည်း။ ငါကလည်း၊ သင်ပြောသော စကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲမှ အချည်းနှီး ထင်တတ်သည်ချည်း၊ ဟုစေလွှတ်၍ ပြန်ပြော၏။ အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ ကြလိမ့်မည်၊ ဟုဆိုလျက် ငါတို့ကို ခြိမ်း​ခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။


ရန်သူများက နေဟမိကို ဗိမာန်တော်ထဲ၌ သတ်ဘို့ကြံ

၁၀ ထိုအခါ၊ မဟေတဗေလသား ဖြစ်သော ဒေလာယ၏သား ရှေမယသည် ပုန်းရှောင်လျက် နေသောအိမ်သို့ ငါသွားလျှင်၊ သူက ဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည်စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှါ လာကြလိမ့်မည်။ ယနေ့ည၌ ပင်လာကြလိမ့်မည်၊ ဟုဆို၏။ ၁၁ ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်၊ ဟုပြန်ပြော၏။ ၁၂ ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ်ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။ ၁၃ သူတို့သည် ငါ့ကို ကဲ့ရဲ့စရာအကြောင်း ရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ၊ ထိုသူကို ငှါးကြ၏။ ၁၄ အိုအ​ကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အ​ကျွန်ုပ်ကိုခြိမ်း​ခြောက်သော ပရောဖက်တို့ကို၎င်း၊ မှတ်တော်မူပါ။


မြို့ရိုးကို ငါးဆယ်နှစ်ရက်တွင်ပြီးစီး

၁၅ အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။ ၁၆ ထိုသိတင်းကို ရန်သူတို့သည် ကြား၍၊ ပတ်လည်ဝန်းကျင်၌ နေသော တပါးအမျိုးသား အပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့်အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။ ၁၇ ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာသော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိပြန်ပေးသော စာအများကိုလည်း ရကြ၏။ ၁၈ တောဘိသည် အာရာသား ရှေကနိ၏ သမက်ဖြစ်သောကြောင့်၎င်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။ ၁၉ သူတို့သည် တောဘိပြုသော အမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.