-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၃


မြို့ရိုးကိုပြင်ကြ

ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ် တို့နှင့်တကွထ၍၊ သိုးတံခါးကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလ ပြအိုးတိုင်အောင် ပြင်ကြ၏။ သူတို့နောက်မှ၊ ယေရိခေါ မြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။ ငါးတံခါးကိုကား၊ ဟ​ဿေနာ အမျိုးသားတို့သည် ပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ သူတို့နောက်မှ၊ ကောဇသား ဖြစ်သော ဥရိယ၏သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သား မေရှုလံပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။ သူ့နောက်မှ၊ တေကော မြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍ မပြုကြ။ တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။ သူတို့နောက်မှ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင် တိုင်အောင်ပြင်ကြ၏။ သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သော မြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။ သူ့တို့နောက်မှ၊ ယေရုရှလင်မြို့ တပိုင်းကို အုပ်သောသူ၊ ဟုရသားရေဖာယပြင်၏။ ၁၀ သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။ ၁၁ ကျန်ကြွင်းသော အရပ်နှင့် မီးဖိုပြာအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ်တို့သည် ပြင်ကြ၏။ ၁၂ သူတို့နောက်မှ ယေရုရှလင်မြို့ တပိုင်းကို အုပ်သောသူ၊ ဟာလောဟတ်သား ရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။ ၁၃ ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေး တံခါးတိုင်အောင် တည်ကြ၏။ ၁၄ ဗေသက္ကရင်မြို့ တပိုင်းကို အုပ်သောသူ ယေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။ ၁၅ မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇသား ရှလ္လုံသည် စမ်းရေတွင်း တံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထားပြီးလျှင်၊ ဥယျာဉ်တော်နောက်မှ ရှိလောင် ရေကန်မြို့ရိုးကို ဒါဝိဒ်မြို့ လှေခါးတိုင်အောင် တည်၏။ ၁၆ သူ့နောက်မှ၊ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တဘက်တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင်ပြင်၏။ ၁၇ သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင်၏။ သူ့နောက်မှ၊ ကိလမြို့ တပိုင်းကို အုပ်သော ဟာရှဘိသည် မိမိတာကိုပြင်၏။ ၁၈ သူ့နောက်မှ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။ ၁၉ သူ့နောက်မှ မိဇပါမြို့အုပ်ယော ရှုသားဧဇေရသည်၊ လက်နက်စုံ တိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့် ထိအောင်ပြင်၏။ ၂၀ သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ် မင်းဧလျာရှိပ်အိမ်သို့ အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။ ၂၁ သူ့နောက်မှ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်သည်၊ ဧလျာရှိပ်အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။ ၂၂ သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည်ပြင်ကြ၏။ ၂၃ သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ ပြင်ကြ၏။ သူတို့နောက်မှ အာနနိသား ဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ ၂၄ သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိအိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင် ပြင်၏။ ၂၅ ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တဘက်တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သော နန်းရှေ့မှာရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ ပါရုပ်သား ဂေဒါယပြင်၏။ ၂၆ ထိုမှတပါး၊ ဘုရား​ကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌ ၊ မိမိတို့နေရာ ဩဖေလရဲ တိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။ ၂၇ သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ ထွက်သော ပြအိုးကြီး တဘက်တချက်၌ ၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။ ၂၈ မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာ အိမ်တဘက်တချက်၌ အသီးအသီး ပြင်ကြ၏။ ၂၉ သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယပြင်၏။ ၃၀ သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်း တဘက်တချက်၌ ပြင်၏။ ၃၁ သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ် တံခါးတဘက်တချက်၌ ၊ ဘုရားကျွန်နေရာနှင့် ကုန်သည် နေရာအရပ်တိုင် အောင်၎င်း၊ မြို့ထောင့်တက်ရာ အရပ်တိုင်အောင်၎င်း ပြင်၏။ ၃၂ မြို့ထောင်တက်ရာ အရပ်မှစ၍ သိုးတံခါးတိုင်အောင် ပန်းတိမ်သမားများနှင့် ကုန်သည်များတို့သည် ပြင်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.