-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၁၂


ဇေရုဗဗေလနှင့် ယောရှုနောက်လိုက်များ

ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှု နောက်သို့ လိုက်လာသော ယဇ်ပုရောဟိတ်၊ လေဝိသားဟူမူကား၊ စရာယ၊ ယေရမိ၊ ဧဇရ၊ -၃ အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊ ရှေခနိ၊ ရေဟုံ၊ မေရမုတ်၊ -၅ ဣဒေါ၊ ဂိ​န္နေသုန်၊ အဘိယ၊ မိညာမိန်၊ မာဒျာ၊ ဗိလဂ၊ ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊ သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယ တည်းဟူသော ယောရှု လက်ထက်၌ အမျိုးသားချင်း၊ ယဇ်ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ၏။ လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကိုတို့နှင့် အတူ အုပ်သော မဿနိတည်း။ သူတို့ ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ၏။ ၁၀ ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊ ၁၁ ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။ ၁၂ ယောယကိန် လက်ထက်၌ အဆွေ အမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟနနိ၊ ၁၃ ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊ ၁၄ မလ္လုတ်သား ယောနသန်၊ ရှေခနိသား ယောသပ်၊ ၁၅ ဟာရိမသား အာဒန၊ မေရာယုတ်သား ဟေလကဲ၊ ၁၆ ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊ ၁၇ အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသား ပိလတဲ၊ ၁၈ ဗိလဂသားရှမွာ၊ ရှေမာယသား ယေဟောနသန်၊ ၁၉ ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသား ဩဇိ၊ ၂၀ သလ္လုသား ကာလဲ၊ အာမောက်သား ဧဗာ၊ ၂၁ ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသနေလတည်း။
CROSS REFERENCES






၂၂ ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့လက်ထက်၌ လေဝိသား အဆွေအမျိုး သူကြီးတို့ကို၎င်း၊ ပေရသိမင်း ဒါရိမင်း လက်ထက်တိုင်အောင် ယဇ်ပုရောဟိတ်တို့ကို၎င်း မှတ်သားသော စာရင်းရှိ၏။ ၂၃ ဧလျာရှိပ်သား ယောဟနန် လက်ထက် တိုင်အောင် လေဝိသား အဆွေအမျိုး သူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။ ၂၄ လေဝိသား အကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျောလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏လူ [A] ဒါဝိဒ် စီရင်သည်အတိုင်း ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။ ၂၅ မဿနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့် ဖြစ်ကြ၏။ ၂၆ ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိန် လက်ထက် မြို့ဝန် နေဟမိလက်ထက်၊ ကျမ်းတတ် ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ ရှိကြ၏။
CROSS REFERENCES






၂၇ ယေရုရှလင်မြို့ရိုးကို အနုမောဓနာ ပြုသောအခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက်၊ သီးချင်းဆိုလျက်၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဓနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။ ၂၈ ဓမ္မသီချင်းကို ဆိုတတ်သော အမျိုးသားတို့သည်၊ ၂၉ ယေရုရှလင်မြို့ ပတ်ဝန်းကျင် ရွာတို့၌ နေရာကျလျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ်များ၊ နေတောဖာသိရွာများ၊ ဂိလဂါလနယ်၊ ဂေဗနှင့် အာဇမာဝက် ကျေးလက်ထဲကလာ၍ စည်းဝေးကြ၏။ ၃၀ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း ကိုယ်ကို၎င်း လူများ၊ မြို့တံခါး၊ မြို့ရိုးကိုလည်း စင်ကြယ်စေကြ၏။ ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ ငါခေါ်၍ ချီးမွမ်းရာ သီချင်းဆိုရသော လူစုကြီး နှစ်စုကို ခန့်ထား၏။ တစုကား လက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏။ ၃၂ သူတို့နောက်မှာ ဟောရှာရနှင့် ယုဒမင်းတဝက်၊ ၃၃ အာဇရိ၊ ဧဇရ၊ မေရှုလံ၊ ၃၄ ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ၊ ၃၅ တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မသိနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိအစရှိသော၊ ၃၆ သူ၏ညီရှေမာယ၊ အာဇရေယ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိတို့သည်၊ ဘုရားသခင်၏ လူ [B] ဒါဝိဒ်၏ တူရိယာမျိုးကို ကိုင်လျက် လိုက်ကြ၏။ ကျမ်းတတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။ ၃၇ သူတို့ တဘက်တချက်၌ ရှိသော စမ်းရေတွင်းတံခါးသို့ ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့ လှေကားသို့တက်၍ ဒါဝိဒ် အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။ ၃၈ သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍ ငါနှင့်တဝက်သော လူတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ၊ ကျယ်သော မြို့ရိုးတိုင်အောင် လိုက်ကြ၏။ ၃၉ ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြ အိုးအထက်မှစ၍ သိုးတံခါးတိုင်အောင် လိုက်သဖြင့်၊ တောင်တံခါးဝတွင် ရပ်နေကြ၏။ ၄၀ တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင်ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊ ၄၁ တံပိုးကိုင်သော ယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိနှင့်တကွ၊ ၄၂ မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာတို့သည်ရှိကြ၏။ သီချင်းသည်တို့သည် ဆရာယေဇယာဟိနှင့်တကွ၊ အသံကိုလွှင့်၍ ဆိုကြ၏။ ၄၃ ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန်ဝမ်းမြောက်သော အခွင့်ကို ဘုရားသခင် ပေးတော်မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကိုပြု၍၊ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသော အရပ်၌ ကြားရကြ၏။ ၄၄ ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက် နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရ ဝမ်းမြောက်ကြသည် ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော အပူဇော်သက္ကာ၊ အဦးသီးသော အသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက်ထဲက သိမ်းယူ၍ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသော တိုက်စိုးတို့ကို ခန့်ထားကြ၏။ ၄၅ သီချင်းသည်နှင့် တံခါးစောင့် တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန် စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်း အမှုကို စောင့်ရှောက်လျက် နေကြ၏။ ၄၆ ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၎င်း ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော် ချီးမွမ်းရာသီချင်းကို ဆိုရသော သူအကြီးအကဲရှိကြ၏။ ၄၇ ဇေရုဗဗေလနှင့် နေဟမိ လက်ထက်၌လည်း၊ ဣသရေလ လူအပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို၎င်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို၎င်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.