-
AA
+
🡀
|
🡂
နေဟမိမှတ်စာ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


နေဟမိမှတ်စာ
အခန်းကြီး ၁၁


ယေရုရှလင်မြို့၌ နေသောသူများ

ထိုအခါ လူအများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသော အရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသော မြို့တို့၌ ကိုးယောက် နေရမည်အကြောင်း စာရေးတံပြုကြ၏။ ယေရုရှလင်မြို့၌ နေခြင်းငှါ အလိုလို ဝန်ခံသောသူ အပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။ ယုဒမြို့ရွာတို့တွင် ဣသရေလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသား အသီးသီးတို့သည် မိမိတို့ဆိုင်ရာ အရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌ နေသော ပြည်သူပြည်သား အကြီးအကဲ မင်းအရာရှိဟူမူကား၊ ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယတပါး၊ ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့် တကွ၊ ယေရုရှလင်မြို့၌ နေသော ဖါရက်မြို့သား၊ သူရဲလေးရာ ​ခြောက်ဆယ် ရှစ်ယောက်တည်း။ ဗင်္ယာမိန်အမျိုး၊ ယေရှာယအမျိုး၊ ဣသေလအမျိုး၊ မာသေယ၊ ကောလယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊ သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ် ရှစ်ယောက်တည်း။ ဇိခရိသားယောလသည် ဗင်္ယာမိန် အမျိုးအုပ်ဖြစ်၏။ သေနွာသား ယုဒသည် ပြည်မြို့ကို အုပ်ရ၏။ ၁၀ ယဇ်ပုရောဟိတ်မူကား၊ ယေဒါယ၊ ယောရရိပ်၊ ယာခိန်နှင့်တကွ၊ ၁၁ အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော် အုပ်စရာယ အစရှိသော၊ ၁၂ အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသားချင်း ရှစ်ရာ နှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံတို့မှ ဆင်းသက်သောအဒါ ရအစရှိသော၊ ၁၃ အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေးဆယ် နှစ်ယောက်တည်း။ ဣမေရ၊ မေရှလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊ ၁၄ ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာနှစ်ဆယ်ရှစ် ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗဒေလသည် သူတို့ကို အုပ်ရ၏။ ၁၅ လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊ ၁၆ လေဝိသား အကြီး ရှ‌ဗသဲနှင့် ယောဇဗဒ်တို့သည် ဘုရားသခင်၏ အိမ်တော်၌ ပြင်အမှုကို ကြည့်ရှုစီရင်ကြ၏၊ ၁၇ အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်းအမှုမှာ အကြီးလုပ်သောသူ ဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဖေါ်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိရှိ၏။ ၁၈ သန့်ရှင်းသောမြို့၌ နေသော လေဝိသား ပေါင်းကား နှစ်ရာနှစ်ဆယ်လေး ယောက်တည်း။ ၁၉ တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကား တရာခုနစ်ဆယ်နှစ် ယောက်တည်း။


၂၀ ကြွင်းသော ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌ နေကြ၏။ ၂၁ ဘုရားကျွန်တို့သည် ဩဖေလအရပ်၌ နေ၍၊ ဇိဟနှင့်ဂိသပတို့သည် ဘုရား ကျွန်အုပ်ဖြစ်ကြ၏။ ၂၂ မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက်သော ဩဇိသည် ယေရုရှလင်မြို့၌ နေသော လေဝိသားတို့ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည်လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင်ရကြ၏။ ၂၃ အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက်အစဉ်အတိုင်း စားစရာ ရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။ ၂၄ ယုဒအမျိုး ဇာရအနွယ် မေရှဇဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်ခွင့်နှင့် ပြည်သားတို့ကိုအုပ်၍ အရေးတော်ပိုင် မင်းဖြစ်၏။

၂၅ ယုဒလူအချို့တို့သည် မြို့ရွာ ကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊ ၂၆ ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊ ၂၇ ဟာဇာရွာလ၊ ဗေရရှေဘမြို့ရွာများ၊ ၂၈ ဇိကလက်၊ မေကောနမြို့ရွာများ၊ ၂၉ အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊ ၃၀ ဇာနော၊ အဒုလံမြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘမြို့မှစ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။ ၃၁ ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာက္ကု၊ ဗေသလမြို့ရွာတို့၌၎င်း၊ အာနသုတ်၊ နောဗ၊ အာနနိ၊ ၃၂-၃၄ ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊ ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊ ၃၅ လောဒ၊ ဩနောမြို့များ၌ ၎င်း၊ ဆရာသမားချိုင့်၌ ၎င်းနေကြ၏။ ၃၆ လေဝိသား အသင်းအပေါင်း အချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.