-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၇


ယဇ်ပုရောဟိတ် ဧဇရနှင့်အဖွဲ့ ယေရုရှလင်မြို့သို့ပြန်

-၅ ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌ ၊ ယဇ်ပုရောဟိတ် အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သော ဆရာဖြစ်သောသူ ဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။ အာတဇေရဇ် မင်းကြီး နန်းစံခုနစ်ခုနစ်တွင်၊ အချို့သော ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည်လည်း ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။ ရှင်ဘုရင် နန်းစံခုနစ်နှစ်၊ ပဥ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။ ပဌမလတရက်နေ့တွင်၊ ဗာဗုလုန်မြို့မှ ထွက်၍ ပဥ္စမလတရက်နေ့တွင်၊(a) မိမိဘုရားသခင် တန်ခိုး ကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။ ၁၀ အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ အမျိုး၌ သွန်သင်ခြင်းငှါ၎င်း၊ သဘောကျသောသူ ဖြစ်၏။

အာတဇေရဇ်မင်းကြီးမှ ဧဇရထံပေးသော အမိန့်တော်စာ

၁၁ ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ် မင်းကြီးပေးတော်မူသော အမိန့်တော် စာချက်ဟူမူကား၊ ၁၂ ဘုရင်တို့၏ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာ ဖြစ်စေသောဟူ၍၊ ဤမည်သော ကာလတွင် မှာလိုက်၏။ ၁၃ ငါ့နိုင်ငံ၌ ရှိသော ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည်၊ သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ ၁၄ အကြောင်းမူကား၊ သင်၏ ဘုရားသခင့် တရားကို သင်လေ့ကျက်သည် အတိုင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်း စစ်ဆေးစေခြင်းငှါ၎င်း၊ ၁၅ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊ ၁၆ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရား အိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန် ခုနစ်ပါးစေလွှတ်၏။ ၁၇ ထိုငွေကိုယူပြီးလျှင်၊ နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို အလျှင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ၁၈ ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီအစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီ ပြုလော့။ ၁၉ သင်၏ ဘုရားအိမ်တော် ဝတ်ပြုစရာဘို့ သင်၌ အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့် ရှေ့တော်တွင် သိုထားလော့။ ၂၀ သင်၏ ဘုရားသခင့် အိမ်တော်ဘို့ လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ ဝယ်လော့။ ၂၁ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရတောင်းသမျှအတိုင်း၊ ၂၂ ငွေအခွက်တထောင်၊ ဂျုံဆန်ကောရတရာ၊ စပျစ်ရည်ဗတ်တရာ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌ နေသော အခွန်ဝန်အပေါင်းတို့သည် အလျှင်အမြန် ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။ ၂၃ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဘို့ ကြိုးစား၍ လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော် အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရသနည်း။


ဘုရင်က ဧဇရကို အာဏာကုန်လွှဲအပ်

၂၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော် အမှုစောင့် တစုံတယောက်၌မျှ ငွေတော်ကို မခွဲစေနှင့်။ အခွန်တော် အကောက်တော်ကို မခံမယူစေနှင့်၊ ဟုငါမှာလိုက်၏။ ၂၅ သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှါ၎င်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ဘုရားသခင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။ ၂၆ သင်၏ ဘုရားသခင့် တရားနှင့် ရှင်ဘုရင် အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျှင်အမြန် ခံစေ၊ ဟုအမိန့်တော်စာ၌ ပါသတည်း။


ဧဇရ ဘုရားသခင်ကို ချီးမွမ်း

၂၇ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင် စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်များရှေ့မှာ ငါ့အားအခွင့် ပေးတော်မူသော၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ၂၈ ထိုသို့ ငါ၏ ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက်သွားရသော ဣသရေလ အကြီးအကဲတို့ကို စုဝေးစေ၏။

_________________________
Footnotes


(a) ဧဇရနှင့်အဖွဲ့ ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ပြန်ရာတွင် လေးလကြာသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.