-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၅


ဗိမာန်တော် ဆောက်ခြင်းပြန်စ

ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသား ပရောဖက် ဇာခရိတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရ ဘုရားအခွင့်နှင့် ဟောကြ၏။ ထိုသို့ ဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။


ရန်သူတို့ နှောင့်ယှက်ပြန်

ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်း အဖေါ်တို့သည် လာ၍၊ ဤအိမ်ကိုတည် ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူ မှာထားသနည်းဟူ၍၎င်း၊ ဤအိမ်ကို တည်ဆောက်သောသူ တို့၏အမည်ကား အဘယ်သို့နည်း ဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊ ဒါရိမင်း အမိန့်တော် မရောက်မှီ အလုပ်အကိုင် မပျက်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကို ပေးလိုက်ကြ၏။


ရန်သူများက ဒါရိမင်းထံတိုင်သောစာ

မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖေါ်၊ မြစ်အနောက်ဘက်၌ နေသောအဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ ပေးလိုက်သော စာချက်ဟူမူကား၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော်။ ​ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့် တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျှင်အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။ ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူ မှာထားသနည်းဟူ၍၎င်း၊ ၁၀ သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံတော်သို့ ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏ အမည်များကို၎င်း၊ အသက်ကြီးသူ များ၌ မေးမြန်းသောအခါ၊ ၁၁ သူတို့က၊ ငါတို့သည် ကောင်းကင်နှင့် မြေကြီးအရှင် ဘုရားသခင်၏ ​ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလ ရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ ၁၂ ငါတို့ ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။


ဘုရင်၏အလိုတော်ကို တောင်းကြ

၁၃ ဗာဗုလုန် ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ်တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။ ၁၄ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက ထုတ်၍၊ ဘုရားသခင်၏ အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသော သူလက်သို့ အပ်တော်မူလျက်၊ ၁၅ ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၆ ထိုရှေရှဗာဇာသည်လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စမသတ်သေး၊ ဟုပြန်ပြောကြ၏။ ၁၇ သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏ အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီး အမိန့်တော်ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါ၊ ဟုလျှောက်စာ၌ ပါသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.