-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၄


ရန်သူတို့က သူတို့လည်း ဝိုင်းဆောက်မည်ပြော

သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဗိမာန်တော်ကို တည်ကြသည်၊ ဟုယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊ ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ ဆောင်ခဲ့သော အာရှုရိ ရှင်ဘုရင်ဧသရဟဒ္ဒုန် လက်ထက်မှစ၍ ထိုဘုရားသခင်အား ယဇ်ပူဇော်ကြသည်၊ ဟုဆိုကြသော်၊


ရန်သူများက ဗိမာန်တော်ဆောက်ခြင်း နှောင့်ယှက်ကြ

ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသရေလ အဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဘို့ ဗိမာန်တော် တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိ ရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ ငါတို့သည် ကိုယ်တိုင် တည်ရမည်၊ ဟုပြန်ပြောကြ၏။ ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်း အမှုကို နှောင့်ယှက်ကြ၏။ ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှါ၊ ပေရသိ ရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကိုငှါး၍ ထားကြ၏။ အာရွှေရု နန်းထိုင်စက ယုဒပြည်သည်၊ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်သော လွှာစာကို ပေးလိုက်ကြ၏။ အာတဇေရဇ် လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်အခြားသော အပေါင်းအဖေါ်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို၊ ပေရသိရှင်ဘုရင်၊ အာတဇေရာဇ်ထံသို့ ပေးလိုက်ကြ၏။ စာတိုက်စိုးရေဟုံနှင့် မြို့စာရေး ရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက်၍၊ စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဖေါ်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည်သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝပြည်သား၊ ဧလံပြည်သားအစရှိသော၊ ၁၀ ကြီးမြတ်သော မင်းအာသနပ္ပါဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်အနောက်ဘက်၌ နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊



အာတဇေရဇ် မင်းထံပို့သောစာ

၁၁ အာတဇေရဇ် မင်းကြီးထံသို့ ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌ နေသော ကိုယ်တော်ကျွန်တို့သည်၊ ဤမည်သော နေ့ရက်ကာလတွင် လျှောက်ပါ၏။ ၁၂ အထံတော်မှ​ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သော ယေရုရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ်လုသည်ကို သိမှတ်တော်မူပါ။ ၁၃ ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော် အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုး နည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။ ၁၄ ​ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသောသူ ဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကြည့်၍ မနေသင့်သောကြောင့်၊ ဘိုးတော် ဘေးတော်တို့၏ မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။ ၁၅ ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုး စီးပွားကို ဖျက်ဆီးတတ်သော မြို့ဖြစ်ဘူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန်သာ အကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက် ခံရပါသည်အကြောင်း အရာများကို ထိုမှတ်စာ၌ တွေ့၍ သိတော်မူပါလိမ့်မည်။ ၁၆ ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော် မမူကြောင်းကို​ ကျွန်တော်တို့ လျှောက်ထားပါသည်၊ ဟုစာ၌ ပါသတည်း။


ဗိမာန်တော် ဆောက်ခြင်းနား

၁၇ ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲမှစ၍၊ ရှမာရိမြို့၌ နေသော ထိုသူတို့၏ အပေါင်းအဖေါ်များ၊ မြစ်အနောက်ဘက်၌ နေသော အခြားသူများတို့ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊ ၁၈ ဤမည်သော နေ့ရက်ကာလတွင်၊ ငါရေး၍ သင်တို့ ချမ်းသာပါစေ။ ငါ့ထံသို့ သင်တို့ပေးလိုက်သော စာကို ငါ့ရှေ့မှာ အနက်ပြန်၍ဖတ်ပြီ။ ၁၉ ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ၊ ထိုမြို့သည် ရှေးကာလ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း၊ မကောင်းသော အကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ်သောမြို့ ဖြစ်ကြောင်း၊ ၂၀ ငွေတော်ကို ခွဲလျက် အခွန်တော် အကောက်တော်ကို ခံလျက်၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင်မြို့၌ နေဘူးကြောင်းများကို သိရ၏။ ၂၁ သို့ဖြစ်၍ ငါသည် အခွင့်မပေးမှီ တိုင်အောင်၊ ထိုသူတို့သည် မြို့ကိုမတည်ဘဲ နေစေမည်အကြောင်း အမိန့်တော်ကို ဆင့်ဆိုကြလော့။ ၂၂ နိုင်ငံတော် အကျိုးမပျက် စီးစေခြင်းငှါ သတိပြု၍၊ ဤအမှုကို စေ့စေ့ ကြည့်ရှုကြလော့၊ ဟုမိန့်တော်မူ၏။ ၂၃ အာတဇေရဇ် မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲအစရှိသော သူတို့အပေါင်း အဖေါ်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျှင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။ ၂၄ ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော် တည်ခြင်း အမှုပျက်၍၊ ပေရသိ ရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.