-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၂


ယုဒပြည်သို့ ပြန်လာသော သူများ၏စာရင်း
CROSS REFERENCES






ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ [A] ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ ရောက်သော နိုင်ငံတော်သား ဣသရေလလူ စာရင်းဟူမူကား၊ ပါရုတ်အမျိုးသား နှစ်ထောင် တစ်ရာ ခုနစ်ဆယ့်် နှစ်ယောက်၊ ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ့်နှစ်ယောက်၊ အာရာအမျိုးသား ခုနစ်ရာ ခုနစ်ဆယ့် ငါးယောက်၊ ပါဟတ်မောဘအမျိုး၊ ယောရှုယွာဘအမျိုးသား နှစ်ထောင်ရှစ်ရာ တစ်ဆယ့် နှစ်ယောက်၊ ဧလံအမျိုးသား တစ်ထောင်နှစ်ရာ ငါးဆယ့် လေးယောက်၊ ဇတ္တုအမျိုးသား ကိုးရာ လေးဆယ့် ငါးယောက်၊ ဇက္ခဲအမျိုးသား ခုနစ်ရာ့ ခြောက်ဆယ်၊ ၁၀ ဗာနိအမျိုးသား​ ခြောက်ရာ လေးဆယ့် နှစ်ယောက်၊ ၁၁ ဗေဗဲအမျိုးသား ခြောက်ရာ နှစ်ဆယ့် သုံးယောက်၊ ၁၂ အာဇဂဒ်အမျိုးသား တစ်ထောင်နှစ်ရာ နှစ်ဆယ့် နှစ်ယောက်၊ ၁၃ အဒေါနိကံအမျိုးသား ခြောက်ရာ ​ခြောက်ဆယ့် ​ခြောက်ယောက်၊ ၁၄ ဗိဂဝဲအမျိုးသား နှစ်ထောင် ငါးဆယ့် ​ခြောက်ယောက်၊ ၁၅ အာဒိန်အမျိုးသား လေးရာ ငါးဆယ့် လေးယောက်၊ ၁၆ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ့် ရှစ်ယောက်၊ ၁၇ ဗေဇဲအမျိုးသား သုံးရာ နှစ်ဆယ့် သုံးယောက်၊ ၁၈ ယောရအမျိုးသား တစ်ရာ တစ်ဆယ့် နှစ်ယောက်၊ ၁၉ ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ့် သုံးယောက်၊ ၂၀ ဂိဗ္ဗာအမျိုးသား ကိုးဆယ့် ငါးယောက်၊ ၂၁ ဗက်လင်မြို့သား တစ်ရာ နှစ်ဆယ့် သုံးယောက်၊ ၂၂ နေတောဖမြို့သား ငါးဆယ့်​ခြောက်ယောက်၊ ၂၃ အာနသုတ်မြို့သား တစ်ရာ နှစ်ဆယ့် ရှစ်ယောက်၊ ၂၄ အာဇမာဝက်မြို့သား လေးဆယ့် နှစ်ယောက်၊ ၂၅ ကိရယသာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ့် သုံးယောက်၊ ၂၆ ရာမမြို့၊ ဂါဘမြို့သား ​ခြောက်ရာ နှစ်ဆယ့် တစ်ယောက်၊ ၂၇ မိတ်မတ်မြို့သား တစ်ရာ နှစ်ဆယ့် နှစ်ယောက်၊ ၂၈ ဗေသလမြို့၊ အာဣမြို့သား နှစ်ရာ နှစ်ဆယ့် သုံးယောက်၊ ၂၉ နေဗောမြို့သား ငါးဆယ့် နှစ်ယောက်၊ ၃၀ မာဂဗိတ်မြို့သား တစ်ရာ ငါးဆယ့် ​ခြောက်ယောက်၊ ၃၁ အခြားသော ဧလံမြို့သား တစ်ထောင်နှစ်ရာ ငါးဆယ့် လေးယောက်၊ ၃၂ ဟာရိမ်မြို့သား သုံးရာ့နှစ်ဆယ်၊ ၃၃ လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ဆယ့် ငါးယောက်၊ ၃၄ ယေရိခေါမြို့သား သုံးရာ လေးဆယ့် ငါးယောက်၊ ၃၅ သေနာမြို့သား သုံးထောင်​ ခြောက်ရာ့ သုံးဆယ်တည်း။ ၃၆ ယဇ်ပုရောဟိတ် စာရင်းဟူမူကား၊ ယောရှုအမျိုးထဲက၊ ယေဒါယအမျိုးသား ကိုးရာ ခုနစ်ဆယ့် သုံးယောက် ၃၇ ဣမေရအမျိုးသား တစ်ထောင် ငါးဆယ့် နှစ်ယောက်၊ ၃၈ ပါရှုရအမျိုးသား တစ်ထောင်နှစ်ရာ လေးဆယ့် ခုနစ်ယောက်၊ ၃၉ ဟာရိမ်အမျိုးသား တစ်ထောင် တစ်ဆယ့် ခုနစ်ယောက်တည်း။ ၄၀ လေဝိသား စာရင်းဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလ အမျိုးသား ခုနစ်ဆယ့် လေးယောက် ၄၁ သီချင်းသည် အာသပ်အမျိုးသား တစ်ရာနှစ်ဆယ့် ရှစ်ယောက်၊ ၄၂ တံခါးစောင့် အမျိုးသား တည်းဟူသော ရှလုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တစ်ရာ သုံးဆယ့် ကိုးယောက်တည်း။ ၄၃ ဘုရား​ကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊ ၄၄ ကေရုတ်အမျိုးသား သယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊ ၄၅ လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ်အမျိုးသား၊ ၄၆ ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန်အမျိုးသား၊ ၄၇ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယအမျိုးသား၊ ၄၈ ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇမ်အမျိုးသား၊ ၄၉ ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲအမျိုးသား၊ ၅၀ အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊ ၅၁ ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရ၊ ဟုရအမျိုးသား၊ ဗာဇလုတ်အမျိုးသား၊ ၅၂ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊ ၅၃ ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမအမျိုးသား၊ ၅၄ နေဇိအမျိုးသား၊ ဟတိဖအမျိုးသား တည်း။


၅၅ ရှောလမုန်၏ အစေခံ​ကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊ ၅၆ ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ၅၇ ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသားတည်း။ ၅၈ ဘုရားကျွန်နှင့် ရှောလမုန် ​ကျွန်ပေါင်းကား၊ သုံးရာ ကိုးဆယ့် နှစ်ယောက်တည်း။


၅၉ ထိုမှတပါး၊ ဣသရေလ အမျိုးမှန်သည် မမှန်သည်ကို၎င်း၊ မိမိတို့ အဆွေအမျိုးကို၎င်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒ​န်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူ ဟူမူကား၊ ၆၀ ဒေလာယအမျိုးသား၊ တောဘိ အမျိုးသား၊ နေကောဒ အမျိုးသားပေါင်း ​ခြောက်ရာ ငါးဆယ့် နှစ်ယောက်တည်း။

၆၁ ယဇ်ပုရောဟိတ် အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား ဗာဇိလဲသမီး တစ်ယောက်နှင့် စုံဘက်၍၊ ယောက္ခအမည်ကိုရသော ဗာဇိလဲ အမျိုးသားတို့သည်၊ ၆၂ စာရင်းဝင်သော လူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။ ၆၃ ဥရိမ်နှင့်သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မှီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသော အရာတို့ကို မစားရ၊ ဟုပြည်အုပ်မင်း စီရင်၏။

၆၄ ပရိသတ်ပေါင်းကား လေးသောင်း နှစ်ထောင်သုံးရာ့ ​ခြောက်ဆယ်တည်း။ ၆၅ ထိုမှတပါး၊ ​ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင် သုံးရာ သုံးဆယ့် ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား၊ မိန်းမပေါင်းနှစ်ရာ၊ ၆၆ မြင်းပေါင်း ခုနစ်ရာ သုံးဆယ်​ခြောက်စီး၊ လားပေါင်း နှစ်ရာ လေးဆယ်ငါးစီး၊ ၆၇ ကုလားအုပ်ပေါင်း လေးရာ သုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင် ခုနစ်ရာနှစ်ဆယ်တည်း။


၆၈ အဆွေအမျိုး သူကြီး အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှာ၊ ၆၉ တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါး​ ခြောက်သောင်းတစ်ထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ် အဝတ်အစုံ တစ်ရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။ ၇၀ ထိုသို့ ယဇ်ပုရောဟိတ် လေဝိသား၊ သာမညလူ အချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရား​ကျွန်တို့သည် မိမိတို့ နေရာမြို့ရွာတို့၌ ၎င်း၊ ဣသရေလ ပြည်သူပြည်သား အပေါင်းတို့သည် မိမိတို့ နေရာမြို့ရွာတို့၌၎င်း နေရာကျကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.