-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၁၀


ဧဇရကို ရှေကနိကအားပေး
CROSS REFERENCES






ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလ အမျိုးယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာစည်းဝေး၍ အလွန်ငိုကြွေးကြ၏။ ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလ အမျိုးမြော်လင့်စရာ ရှိသေး၏။ သို့ဖြစ်၍ အရှင်ဘုရား အစရှိသော ငါတို့ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံသောသူတို့ကို [A] သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများ ရှိသမျှကို စွန့်ပယ်မည်၊ ဟုငါတို့၏ ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။ ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အ​ကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါ၊ ဟုဧဇရအား ပြန်ပြောကြလျှင်၊


ဧဇရကလူများကို ကျိန်ဆိုစေ

ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထိုစကားအတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။ ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ကထ၍၊ ဧလျာရှိပ်သား ယောဟနန်အခန်းသို့ သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကို မသောက်ဘဲနေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသောသူတို့ ပြစ်မှားသော အပြစ်ကြောင့် ညည်းတွား မြည်တမ်းလေ၏။


ယုဒနှင့် ဗင်္ယာမိန်အမျိုးသားများ စည်းဝေးကြ

သိမ်းသွားခြင်းကို ခံရသော အမျိုးသား အပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊ မင်းများနှင့် အသက်ကြီးသူ များစီရင်သည်အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူ မည်သည်ကား၊ သိမ်းသွားခြင်း အမျိုးသား ပရိသတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ ဥစ္စာရှိသမျှသည် ကျိန်ဆိုအပ်သော ဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည် တရှောက်လုံး၌ ကြော်ငြာကြ၏။ ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား ယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင် ယေရုရှလင်မြို့မှ စည်းဝေး၍ နဝမလအရက် နှစ်ဆယ်တွင် လူအပေါင်းတို့သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုးရွာသောကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။


ဧဇရက တပါးအမျိုးသား မိန်းမတို့ကိုကွာခိုင်း

၁၀ ထိုအခါ ယဇ်ပုရောဟိတ် ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလ အမျိုး၌ အပြစ်လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီတကား။ ၁၁ သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါးအမျိုးသား မိန်းမတို့နှင့်၎င်း၊ ကွာကြလော့၊ ဟုသူတို့အားဆို၏။၁၂ ပရိသတ် အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း၊ အ​ကျွန်ုပ်တို့သည် ပြုပါမည်။ ၁၃ သို့ရာတွင် လူအများရှိပါ၏။ သည်းထံစွာ မိုးရွာသော ကာလဖြစ်ပါ၏။ အ​ကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင်သော အမှုမဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။ ၁၄ ငါတို့ ပရိသတ် အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ရွာ၌ တပါးအမျိုးသား မိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ချိန်းချက်သော အချိန်တို့၌ မြို့အသီးအသီး အသက်ကြီးသူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သော ငါတို့ ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေ၊ ဟုကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။


တပါးအမျိုးနှင့် ယူသူများ စစ်ကြောစီရင်ကြ

၁၅ အာသဟေလသား ယောနသန်နှင့် တိကဝသား ရဟဇိသာလျှင် ထိုအမှုကို ပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။ ၁၆ သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရသည် ရွေးချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သားသော အဆွေအမျိုး သူကြီးတို့သည် ဒသမလ တရက်နေ့တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။ ၁၇ တပါးအမျိုးသား မိန်းမနှင့် စုံဘက်သော သူအပေါင်းတို့ကို ပဌမလ တရက် နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင်ကြ၏။


တပါးအမျိုးသား မိန်းမနှင့် စုံဘက်သူများစာရင်း

၁၈ တပါးအမျိုးသား မိန်းမနှင့် စုံဘက်သော ယဇ်ပုရောဟိတ် အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇဒက်သားနှင့် သူ၏ညီမာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။ ၁၉ သူတို့သည် မယားနှင့် ကွာမည်၊ ဟုဂတိထားကြ၏။ ပြုမိသော အပြစ်ကြောင့် သိုးကို ယဇ်ပူဇော်ကြ၏။ ၂၀ ထိုမှတပါး၊ ဣမေရ အမျိုးဟာနန်နှင့် ဇေဗဒိ၊ ၂၁ ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊ ၂၂ ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။၂၃ လေဝိသား ယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်းဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊ ၂၄ သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့်ရှလ္လုံ၊ တေလင်၊ ဥရိ၊ ၂၅ ဣသရေလ အမျိုးထဲက ပါရုတ်အမျိုးရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလျာဇာ၊ မာလခိယ၊ ဗေနာယ၊ ၂၆ ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊ ၂၇ ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊ ၂၈ ဗေဗဲအမျိုးယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊ ၂၉ ဗာနိအမျိုးမေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှလ၊ ရာမုတ်၊ ၃၀ ပါဟတ်မောဘ အမျိုးအဒန၊ ခေလာလ၊ ဗေနာယ၊ မသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊ ၃၁ ဟာရိမ်အမျိုးဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ၃၂ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊ ၃၃ ဟာရှုံအမျိုး မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊ ၃၄ ဗာနိအမျိုးမာဒဲ၊ အာမရံ၊ ဝေလ၊ ၃၅ ဗေနာယ၊ ပေဒိ၊ ခေလု၊ ၃၆ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ ၃၇ မတ္တနိ၊ မတ္တနဲ၊ ယာသော၊ ၃၈ ထိုမှတပါးဗာနိ၊ ဗိနွိ၊ ရှိမိ၊ ၃၉ ရှေလမိ၊ နာသန်၊ အဒါယ၊ ၄၀ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊ ၄၁ အာဇေရေလ၊ ရှေလမိ၊ ရှေမရိ၊ ၄၂ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊ ၄၃ နေဗောအမျိုးယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။ ၄၄ ဤသူအပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက်၍ သားသမီးကို မြင်ရကြပြီ။

ဧဇရမှတ်စာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.