-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၉


ရှေဘမိဖုရား ရှောလမုန်ထံလည်

ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း စစ်ဆေးခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကို ဆောင်သော ကုလားအုပ်များ၊ လိုက်သောသူများနှင့် တကွ ယေရုရှလင်မြို့သို့ လာ၏။ ရှောလမုန်မင်းကြီး ထံတော်သို့ ရောက်သောအခါ၊ မိမိ အလိုဆန္ဒရှိသမျှကို ဆွေးနွေး မေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာ ရှိသမျှတို့ကို ရှောလမုန်သည်​ဖြေလေ၏။ နားမလည်၍ မ​ဖြေနိုင်သော အရာတစုံတခုမျှ မရှိ။ ရှေဘမင်းမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊ စားပွဲတော် တန်ဆာကို၎င်း၊ အမှုတော် စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာ ရေးများနှင့် သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာယဇ် ပူဇော်ခြင်းကို၎င်း၊ မြင်သောအခါ မိန်းမော တွေဝေလျက်ရှိ၍၊ ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အ​ကျွန်ုပ်သည် ပြည်၌ ကြားရသော သိတင်းစကားမှန်ပါ၏။ သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား ကိုယ်တော် ပညာကျယ်ခြင်းအရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အ​ကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော်လွန်ကဲပါ၏။ ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကို ကြားရသော ကိုယ်တော်၏ လူနှင့် ကိုယ်တော်၏ ကျွန်တို့သည် မင်္ဂလာ ရှိကြပါ၏။


ရှေဘမိဖုရား ဘုရားသခင်ကို ချီးမွမ်းသွား

ကိုယ်တော်ကို နှစ်သက်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်စား ရှင်ဘုရင်အရာနှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ကိုယ်တော်၏ ဘုရားသခင်သည် ဣသရေလ အမျိုးကိုချစ်၍၊ အစဉ်အမြဲ တည်စေချင်သောကြောင့်​၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ၊ ကိုယ်တော်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ၊ ဟုရှင်ဘုရင်အားပြောဆို၍၊ ရွှေအခွက် တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မျက်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သသော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည်မရှိ။


အာလဂုံသစ်သား

၁၀ ဩဖိရမြို့မှ ရွှေကို ဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန် ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ် များတို့ကိုလည်း ဆောင်ခဲ့ကြ၏။ ၁၁ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော် ပွတ်လုံးတန်းနှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူဘို့ စောင်းနှင့် တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည်၌ တခါမျှ မပေါ်လာ။ ၁၂ ရှောလမုန် မင်းကြီးသည် ရှေဘမိဘုရား ဆက်သည်အတွက် ပြန်ပေးသော လက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ သူတောင်း သမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိ​ကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။


ရှောလမုန်မင်း၏ ကြွယ်၀ချမ်းသာမှု

၁၃ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန် ပေါင်းအခွက် ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်ပိဿာ ဖြစ်သတည်း။ ၁၄ ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။ ၁၅ ရှောလမုန် မင်းကြီးသည် ရွှေ​ခြောက် ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ ၁၆ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တော သစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။ ၁၇ ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာ ဇပလ္လင်ကြီးကို လုပ်၍ ရွှေစင်နှင့် မွမ်းမံလေ၏။ ၁၈ လှေခါး​ခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာ လက်ရုံးတန်းနှင့် ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့ နှစ်ကောင်ရပ်နေ၏။ ၁၉ လှေခါး​ခြောက်ထစ် အပေါ်တွင်၊ တဘက်တချက်၌လည်း ခြင်္သေ့တဆယ် နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌ မျှမရှိ။ ၂၀ ရှောလမုန်မင်းကြီး သောက်သော ဖလားတော်ရှိ သမျှနှင့် လေဗနုန် နန်းတော်၌ သုံးသော ဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလား သက်သက်ဖြစ်၏။ ရှောလမုန် လက်ထက်၌ ငွေကိုမလျှင်းပမာ မပြုတတ်ကြ။ ၂၁ ရှင်ဘုရင်၏ သင်္ဘောသည် ဟိရန်မင်း​ကျွန်တို့နှင့် တာရှုမြို့သို့ သွားတတ်သဖြင့် သုံးနှစ်တခါ တာရှုသင်္ဘောသည် ပြန်လာ၍ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။


ရှောလမုန်ပညာနှင့် စည်းစိမ်လွဲကဲ

၂၂ ထိုသို့ ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။ ၂၃ ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို အတိုင်းတိုင်း အပြည်ပြည် ရှင်ဘုရင်တို့သည် ကြားအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။ ၂၄ လာသောသူ အသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်းလားတို့ကို နှစ်တိုင်း အခွန်ဆက်ရကြ၏။ ၂၅ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သော မြင်းတင်း ကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်း နှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌၎င်း၊ ယေရုရှလင် မြို့အထံတော်၌၎င်း ထား၏။ ၂၆ မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည် စွန်းတိုင်အောင် ရှိသော ရှင်ဘုရင် အပေါင်းတို့ကို အစိုးရ၏။ ၂၇ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက်သော သင်္ဘောသဖန်းပင် ကဲ့သို့၎င်း များပြားစေ၏။ ၂၈ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်အစရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။


ရှောလမုန်၏ နောက်ဆုံးနေ့များ

၂၉ ရှောလမုန်ပြုသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ပရောဖက် နာသန်၏ကျမ်း၊ ရှိလောသား အဟိရ၏ အနာဂတ္တိကျမ်း၊ နေဗက်သား ယေရောဗောင် တဘက်၌ ပရောဖက် ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။ ၃၀ ရှောလမုန်သည် ယေရုရှလင်မြို့၌ နေ၍ ဣသရေလ နိုင်ငံတော်ကို အနှစ် လေးဆယ်စိုးစံပြီးမှ၊ ၃၁ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကိုခံလေ၏။ သားတော် ရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.